Border News Agency
အိုမန်၊ဧပြီ ၂၂။
အိုမန်နိုင်ငံကမ်းလွန်မှာ ခရီးနှင်နေတဲ့ ကုန်တင်သင်္ဘောတစီးကို အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဧပြီလ ၂၃ ရက်၊ ဒီနေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန်ရေကြောင်း စောင့်ကြည့်ရေးအဖွဲ့ (UKMTO) က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အမေရိကန်သမ္မတ ထရန့်က အပစ်ရပ်သက်တမ်းတိုးမယ်လို့ ပြောအပြီး နာရီပိုင်းအတွင်းမှာပဲ ဖြစ်ပွားခဲ့တာပါ။
သင်္ဘောရဲ့ ပဲ့ပိုင်းမှာ အတော်လေးပျက်စီးသွားပေမယ့် လူထိခိုက်ဒဏ်ရာရတာနဲ့ မီးလောင်တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
အီရန်သတင်းဌာန Tasnim ကတော့ ဒီသင်္ဘောဟာ အီရန်စစ်တပ်ရဲ့သတိပေးချက်တွေကို လျစ်လျူရှုခဲ့တာကြောင့် ပစ်ခတ်ရတာလို့ ဆိုပါတယ်။
ဒါဟာ အမေရိကန်က အီရန်ကုန်သွယ်ရေးသင်္ဘောတစီးကို ဖမ်းဆီးခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့လည်း အီရန်ဘက်က ပြောထားပါတယ်။
အမေရိကန်သမ္မတ ထရန့်ကတော့ ပါကစ္စတန်ရဲ့ တောင်းဆိုချက်ကြောင့် အီရန်ကို စစ်ရေးအရ တိုက်ခိုက်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားပေမယ့် ဟော်မုဇ်ရေလက်ကြားကိုတော့ အမေရိကန်ရေတပ်က ဆက်ပြီး ပိတ်ဆို့ထားဦးမှာ ဖြစ်ပါတယ်။
အီရန်ဘက်ကလည်း အမေရိကန်ရဲ့ စည်းကမ်းချက်တွေအောက်မှာ အညံ့ခံဆွေးနွေးမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားတာကြောင့် နယ်စပ်ရေပြင်တွေမှာ စစ်ရေးတင်းမာမှုတွေက ပိုပြီး မြင့်တက်လာနေပါတယ်။






