Border News Agency
မကွေး၊ ဧပြီ ၂၃။
မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဧပြီလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဧပြီလ ၂၀ ရက်၊ နေ့လည်ပိုင်းမှာ လူ့ဘောင်သစ်တပ်မတော် (NSA)နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စက်ရုံထဲက သိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးနေရာတွေကို တိုက်ရိုက်ထိမှန်ခဲ့တာပါ။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် စစ်ကော်မရှင်ဘက်က ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦးလောက်ဒဏ်ရာရသွားသလို အဆောက်အအုံတချို့လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ ကြောက်လန့်တကြားထွက်ပြေးသွားကြလို့ သူတို့ကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေကြတယ်လို့ ဆိုပါတယ်။
အဲဒီနေရာတွေမှာ CDF-Asho နဲ့ NSA မဟာမိတ်တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့် ဆက်လုပ်နေတယ်လို့လည်းဆိုပါတယ်။



















