Border News Agency
ပခုက္ကူ၊ ဧပြီ ၂၄။
မကွေးဒေသ၊ ပခုက္ကူမြို့နယ်မှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီနဲ့ ပြည်သူတွေပူးပေါင်းပြီး Proof of life လှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီလှုပ်ရှားမှုကို ဧပြီ လ၂၁ ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် Proof of life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
Proof of life လှုပ်ရှားမှုဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း ကို သက်သေပြပေးဖို့အတွက် social media မှတဆင့် ခံစားချက်တွေအတိုင်းတောင်းဆိုပေးကြရမှာ ဖြစ်ပါတယ်။
အဲဒီအပြင်နေထိုင်ရာနိုင်ငံတွေမှာ သက်ဆိုင်ရာအစိုးရဌာနတွေမှတဆင့် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း အထောက်အထားတခုခုကို စစ်ကော်မရှင်တပ်က ထုတ်ပြန်ပေးနိုင်ရေးအတွက် တောင်းဆိုမှုဖြစ်တယ်လို့ ဆိုပါတယ်။












