Border News Agency
အမေရိကန်၊ ဧပြီ ၂၆။
အမေရိကန်ကပိတ်ဆို့အရေးယူထားတဲ့ရေနံတင်သင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖြတ်သန်းနေတယ်လို့ လမ်းကြောင်းပြအချက်အလက်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်အစိုးရက အီရန်ရေနံတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ သင်္ဘောလိုင်း ၄၀ ကျော်နဲ့ သင်္ဘောတွေကိုမနေ့ကတင် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်တွေ့မှာတော့ သွားလာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ရေကြောင်းသွားလာမှုပြ မြေပုံအချက်အလက်တွေအရ အဲဒီပိတ်ဆို့ခံထားရတဲ့ သင်္ဘောအချို့ဟာ ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အရေးပါတဲ့ အဲဒီရေလက်ကြားကို အဟန့်အတားမရှိ ဖြတ်သန်းနေကြတာပါ။
အမေရိကန်ဘက်ကတော့ အီရန်ရဲ့ ရေနံတင်ပို့မှုကို ထိန်းချုပ်ဖို့အတွက် အခုလို သင်္ဘောတွေကို ပစ်မှတ်ထား အရေးယူနေတာဖြစ်ပြီး အီရန်နဲ့ တရုတ်ကြားက ရေနံစီးဆင်းမှုကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လတ်တလောမှာ ဟော်မုဇ်ရေလက်ကြားအတွင်း စစ်ရေးအရ တင်းမာမှုတွေ ရှိနေသလို အခုလို ပိတ်ဆို့ခံသင်္ဘောတွေ ဆက်လက်သွားလာနေမှုအပေါ် အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။







