Border News Agency
ချင်းမိုင်၊ ဧပြီ ၂၇။
မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းအထိ တရားမဝင် ပို့ဆောင်ပေးနေတဲ့ ဂိုဏ်းခေါင်းဆောင် အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ချင်းမိုင်မြို့၊ ဆာရဖီခရိုင်မှာ ထိုင်းရာဇဝတ်မှုနှိမ်နင်းရေးဌာန (CSD) က ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖမ်းမိခဲ့တဲ့ တရားမဝင်လုပ်သား ၂၅ ဦးနဲ့ ကားသမား ၃ ဦးရဲ့ထွက်ဆိုချက်တွေကနေတဆင့် ကွင်းဆက်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂိုဏ်းခေါင်းဆောင်ဟာ လူမှောင်ခိုလုပ်ငန်းတခုလုံးကို စနစ်တကျ စီစဉ်ညွှန်ကြားခဲ့သူဖြစ်ပြီး ဖမ်းဆီးမှုကို ရှောင်ရှားဖို့အတွက် ရှေ့ပြေးကားတွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
သူဟာ မြန်မာလုပ်သားတွေကို နခွန်စာဝန်နဲ့ ဖိချစ်ပြည်နယ်တွေအထိ ပို့ဆောင်ပေးဖို့ ကားသမားတွေကို တစ်ခေါက် ဘတ် ၇,၀
၀၀ ကနေ ၁၀,၀၀၀ အထိ ပေးပြီး ငှားရမ်းခဲ့တာပါ။
အဲဒီလို ဖမ်းဆီးစဉ်မှာတော့ သူအသုံးပြုခဲ့တဲ့ ကား ၃ စီးနဲ့ လက်ကိုင်ဖုန်း ၃ လုံးကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီတရားခံဟာ ပြစ်မှုအားလုံးကို ဝန်ခံခဲ့ပြီး သူဟာ တာချီလိတ်နယ်စပ်ကတဆင့် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို လက်ခံကာ တဦးကို ဘတ် ၃,၅၀၀ နှုန်းနဲ့ ပြန်လည်ပို့ဆောင်ပေးနေသူ ဖြစ်ပါတယ်။
အဲဒီအပြင် သူဟာတလကို လူအယောက် ၁၀ ဦးကနေ အများဆုံး အယောက် ၅၀ အထိ တခေါက်တည်းနဲ့ ပို့ဆောင်ပေးလေ့ရှိကြောင်း ဝန်ခံထားပါတယ်။
အခုလို တရားမဝင် လမ်းကြောင်းတွေကတဆင့် လူမှောင်ခိုကူးနေတဲ့ ဂိုဏ်းတွေကို ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှော
က်နဲ့ မြို့ကြီးတွေမှာ အရှိန်အဟုန်မြှင့် နှိမ်နင်းနေတာလည်း ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ဂိုဏ်းခေါင်းဆောင်ကို ထိုင်းဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ စစ်ဆေးရေးအရာရှိတွေဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။








