Border News Agency
ပလက်ဝ၊ ဧပြီ ၂၈။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာက ဒေသခံတွေကို HDCO နဲ့ အဖွဲ့အစည်းအချို့က စုစုပေါင်းထောက်ပံ့ငွေ ၁၈၃ သိန်းကျော်ကို ဧပြီလ ၂၃ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
အဲဒီထောက်ပံ့မှုမှာ ခရစ်ယာန်အသင်းက ၁၁၈ သိန်းကျော်၊ဆရာဝေဟင်အောင်က သိန်း ၅၀ နဲ့ အရပ်ဘက်အဖွဲ့နှစ်ခုက ၁၅ သိန်း စုပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီငွေတွေကို သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေနဲ့ အိမ်ခြေပျက်စီးသွားသူတွေအတွက် ခွဲဝေထောက်ပံ့ပေးခဲ့တာပါ။
အဲဒီ ကြောင်ချောင်းကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ရွာသား ၇ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကာနေအိမ် ၁၂ လုံးပျက်စီးခဲ့ရပါတယ်။
ဒေသခံတွေအနေနဲ့ အခုလို ပျက်စီးဆုံးရှုံးမှုတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။











