Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

​ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ရုရှားသူဌေးကြီးရဲ့ အပျော်စီးသင်္ဘော ဖြတ်သန်း

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

​Border News Agency
ရုရှား၊ ဧပြီ ၂၈။

​အမေရိကန်နဲ့ အီရန်အကြား စစ်ပွဲကြောင့် တင်းမာနေပြီး ရေလမ်းကြောင်း ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ရုရှားသူဌေးကြီးအလက်ဇီ မော်ဒါရှော့ဗ်နဲ့ ဆက်နွှယ်နေတဲ့ “Nord” အပျော်စီးသင်္ဘောက ဖြတ်သန်းသွားတယ်လို့ သင်္ဘောသွားလာမှု အချက်အလက်တွေအရ သိရပါတယ်။

အဲဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံလိုအပ်ချက် ငါးပုံတပုံခန့် ဖြတ်သန်းရာ နေရာဖြစ်ပြီး လက်ရှိမှာ အီရန်ဘက်က သွားလာခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတာပါ။

​ဒေါ်လာ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ အဲဒီအပျော်စီးသင်္ဘောဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဒူဘိုင်းကနေ ထွက်ခွာလာပြီး စနေနေ့ မနက်ပိုင်းမှာ ရေလက်ကြားကို ဖြတ်သန်းခဲ့ကာ တနင်္ဂနွေနေ့မှာတော့ အိုမန်နိုင်ငံ၊မတ်စကတ်မြို့ကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲစတင်ကတည်းက ဒီရေလမ်းကြောင်းကို အသုံးပြုခွင့်ရတဲ့ သင်္ဘော အလွန်နည်းပါးတာကြောင့် အခုဖြစ်စဉ်က စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

​စစ်ပွဲမတိုင်ခင်က တရက်ကို သင်္ဘောအစီးရေ ၁၄၀ ဝန်းကျင်အထိ ဖြတ်သန်းလေ့ရှိပေမယ့် လက်ရှိမှာတော့ ကုန်တင်သင်္ဘော အနည်းငယ်သာ သွားလာခွင့် ရနေတာပါ။

ဇိမ်ခံအပျော်စီးသင်္ဘောဖြစ်တဲ့ Nord က ဘယ်လိုနည်းနဲ့ ဖြတ်သန်းခွင့် ရခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးဘဲ ပိုင်ရှင်ဖြစ်သူ သူဌေးကြီးရဲ့ ကိုယ်စားလှယ်ကလည်း တစုံတရာ မှတ်ချက်မပေးပါဘူး။

​ရုရှားနဲ့ အီရန်ဟာ နှစ်ရှည်လများ မဟာမိတ်နိုင်ငံတွေဖြစ်ကြပြီး ၂၀၂၅ ခုနှစ်မှာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်ခဲ့ကြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလ ၂၆ ရက်ကလည်းရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို ရောက်ရှိနေတာကြောင့် ဒီသင်္ဘောဖြတ်သန်းမှုဟာ နှစ်နိုင်ငံကြား နီးကပ်တဲ့ ဆက်ဆံရေးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

​သူဌေးကြီး မော်ဒါရှော့ဗ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်သူတဦးဖြစ်ပြီး ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရသူပါ။

Nord သင်္ဘောဟာ ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောတွေထဲက တစီးဖြစ်ပြီး အတွင်းမှာ ရေကူးကန်၊ရဟတ်ယာဉ်ကွင်းနဲ့ ရေငုပ်သင်္ဘောငယ်တစ်စင်းတောင် ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

PrevPrevious​တက္ကနာ့ဖ်မှာဘင်္ဂလားဒေ့ရှ်ရေတပ်က လက်နက်နဲ့မူးယစ်ဆေးပြားတွေဖမ်း
Next​ကြောင်ချောင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် HDCO က သိန်း ၁၈၀ ကျော် ထောက်ပံ့Next
Previous Post

​တက္ကနာ့ဖ်မှာဘင်္ဂလားဒေ့ရှ်ရေတပ်က လက်နက်နဲ့မူးယစ်ဆေးပြားတွေဖမ်း

Next Post

​ကြောင်ချောင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် HDCO က သိန်း ၁၈၀ ကျော် ထောက်ပံ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - PFSD

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

April 29, 2026
Ref/Photo - Kanchanaburi News

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

April 29, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

April 29, 2026

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

April 29, 2026

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

​အီရန်အစိုးရ ပြိုလဲလုနီးပါးဖြစ်နေပြီး ရေလက်ကြားပြန်ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ထရမ့်ဆို

Releated Post

Photo - PFSD

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

April 29, 2026
Ref/Photo - Kanchanaburi News

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

April 29, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

April 29, 2026

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

April 29, 2026

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

April 29, 2026

​အီရန်အစိုးရ ပြိုလဲလုနီးပါးဖြစ်နေပြီး ရေလက်ကြားပြန်ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ထရမ့်ဆို

April 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page