Border News Agency
မောင်တော၊ ဧပြီ ၂၉။
မောင်တောမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ် အရင်ကထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနှစ်ဆယ့်နှစ်လုံးကို အာရက္ခတပ်တော် (AA) က ဧပြီလ ၂၇ ရက်နေ့မှာ ထပ်မံတူးဖော် ရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီမောင်တောမြို့နယ် လေးမိုင်ကျေးရွာအနီးမှာ အာရက္ခတပ်တော်ရဲ့ မိုင်းရှင်းလင်းရေးအဖွဲ့က ရှာဖွေစစ်ဆေးချိန်မှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ မောင်တောမြို့သိမ်းတိုက်ပွဲအပြီး မြေပြင်မှာကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။
အခုတူးဖော်ရရှိတဲ့ မိုင်းတွေဟာ စစ်ကော်မရှင်တပ်က အသုံးပြုခဲ့တဲ့ M-2 အမျိုးအစား မြေမြှုပ်မိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မောင်တောနဲ့ အနီးတဝိုက်မြို့နယ်တွေမှာလည်း မိုင်းအန္တရာယ်အသိပေးဆိုင်းဘုတ်တွေ စိုက်ထူတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို လုပ်ဆောင်နေပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲတွေအတွင်း ကျေးရွာတွေနဲ့ ပြည်သူတွေ သွားလာရာလမ်းကြောင်းတွေမှာ မိုင်းတွေကို ထောင်ထားခဲ့တာပါ။
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ တောတောင်တွေထဲ သွားလာတဲ့အခါမှာ မိုင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့နဲ့ သံသယဖြစ်ဖွယ် ပစ္စည်းတွေတွေ့ရင် အကြောင်းကြားကြဖို့အသိပေး နှိုးဆော်ထားပါတယ်။






