Border News Agency
မန္တလေး၊ ၂၉ ဧပြီ။
မန္တလေးဒေသ၊ မြင်းခြံမြို့နဲ့ နွားထိုးကြီး ကျေးရွာတွေမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီမြင်းခြံမြို့နယ်ကကျေးရွာတွေမှာ နေအိမ်မီးရှို့ ပစ္စည်းခိုးတာတွေလုပ်ခဲ့တဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီလ ၂၄ နဲ့ ၂၆ ရက်မှာနှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်မှာ ဧပြီလ၂၄ ရက်နေ့ကလည်း ခံစပ်ကုန်း(န)ရွာမှ ကုန်း(ရ)ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ ကတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ညောင်ဇင်ရွာနဲ့ ကဒေါင်းရွာအနီးမှာလည်း ဧပြီလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ကိုထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၊ အမှတ်-၁၀တပ်ရင်းနဲ့အတူ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ် – ၃တပ်ရင်း၊ MGN – 35၊ ပြည်သူ့ကြယ်တပွင့်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။












