Border News Agency
ရန်ကုန်၊ မေ ၁။
ဒီနေ့ကျရောက်တဲ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံရှိအလုပ်သမားတွေဟာ အခြေခံလစာရရှိရေးအတွက် တရားမျှတမှုကိုတောင်းဆိုနေကြပါတယ်။
အခုလိုတောင်းဆိုရတာဟာ အလုပ်ခွင်ထဲက ဖိနှိပ်မှု၊ မလောက်ငှတဲ့ လုပ်အားခနဲ့ အလုပ်သမားထုရဲ့ ရင်တွင်းဖြစ်ကိုတောင်းဆိုတာပဲ ဖြစ်ပါတယ်။
အလုပ်သမားတဦးချင်းစီရဲ့ တောင်းဆိုချက်တွေ မတူပေမယ့် အလုပ်သမားအားလုံးရဲ့ မျှော်လင့်ချက်ကတော့ တရားမျှတမှုတခုတည်းဖြစ်ပါတယ်။























