Border News Agency
တနင်္သာရီတိုင်း၊ မေ ၃။
တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က မေလ ၂ ရက်၊ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်ပါတယ်။
အဲဒီမောတောင်မြို့အတွင်းကို အာဏာသိမ်းစစ်စစ်တပ်ကပေါင် ၂၅၀ ဗုံးသီး ၂ လုံးရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာမှာ တရားဝင်မှုရဖို့အတုအယောင်ရွေးကောက်ပွဲနဲ့ အစိုးရဖွဲ့ဖို့ကြိုးပမ်းနေပေမယ့် မြေပြင်မှာတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်ပူပန်ရုံတင်မကဘဲ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။











