Border News Agency
နေပြည်တော်၊ မေ ၃။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ မေလ ၂ ရက်န့က ဝါးတွေတင်လာတဲ့ ခြောက်ဘီးကားတစီးတိမ်းမှောက်ခဲ့လို့ လူ ၁၆ ဦးအထိ သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မိုးစွေနဲ့ လွင်သာယာကျေးရွာချင်းဆက်လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝါးအပြည့်တင်လာတဲ့ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်မှာ တိမ်းမှောက်သွားခဲ့တာပါ။
အဲဒီယာဉ်မတော်တဆမှုကြောင့် ကားပေါ်ပါလာသူ ၃၈ ဦးထဲက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၆ ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကျန်တဲ့လူ ၂၁ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့လို့ ဒေသခံပရဟိတအသင်းတွေက နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်။
အခင်းဖြစ်နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရသလို ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။






