Border News Agency
ရန်ဂါမတီ၊ မေ ၄။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရန်ဂါမာတီခရိုင်မှာ ကျောင်းသားအဖွဲ့နှစ်စုကြား အငြင်းပွားပြီး ပဋိပက္ခတွေဖြစ်လာမှာကိုစိုးရိမ်ရတာမို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မေလ ၄ ရက်၊ ဒီနေ့မှာ လူစုလူဝေးမလုပ်ရ အမိန့်ပုဒ်မ ၁၄၄ ကို အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။
ရန်ဂါမာတီခရိုင်ကျောင်းသားအဖွဲရဲ့ ကော်မတီအသစ်ဖွဲ့စည်းလိုက်တာကို အကြောင်းပြုပြီး ကျောင်းသားအုပ်စုနှစ်စုဟာ အပြိုင်အဆိုင်ဆန္ဒပြဖို့နဲ့လှုပ်ရှားဖို့ ပြင်ဆင်လာကြတာပါ။
အဲဒါကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်မလာအောင် ရန်ဂါမာတီစည်ပင်သာယာရုံး BNPပါတီရုံးထိကိုက်လေးရာပတ်လည်မှာ လူစုလူဝေးမလုပ်ဖို့တားမြစ်လိုက်တာဖြစ်ပါတယ်။
အဲဒီနယ်မြေမှာ အဓိကရုဏ်းတွေ၊ ရန်ပွဲတွေမဖြစ်ပွားအောင် အုပ်ချုပ်ရေးပိုင်းကအရေးပေါ်အမိန့်ဖြစ်ပါတယ်။
အဲဒီအမိန့်ထုတ်နယ်မြေမှာ လူငါးဦးထက်ပိုပြီး စုရုံးတာ၊ လမ်းလျှောက်ဆန္ဒပြတာနဲ့ လက်နက်ကိုင်ဆောင်တာမျိုးတွေကို ဥပဒေအရတားမြစ်ထားပါတယ်။











