Border News Agency
အမေရိကန်၊ မေ ၅။
အမေရိကန်အလံတင်ကုန်သွယ်ရေးသင်္ဘောနှစ်စင်းဟာ အရေးပါတဲ့ဟော်မုဇ်ရေလက်ကြားကိုအောင်အောင်မြင်မြင်နဲ့ ဘေးကင်းကင်း ဖြတ်သန်းနိုင်ခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၄ ရက်၊မနေ့ကပြောကြားလိုက်ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်က အဲဒီသင်္ဘောတွေဟာ အမေရိကန်ရေတပ်ရဲ့ လမ်းညွှန်မှုနဲ့အတူ စီမံချက် လွတ်လပ်မှုအောက်ကနေ ဖြတ်သန်းခဲ့တာဖြစ်ပြီး လက်ရှိမှာ အာရပ်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒေသတွင်းမှာ အီရန်နဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ကမ္ဘာ့ကုန်သွယ်ရေးသင်္ဘော ရာနဲ့ချီ ပိတ်မိနေတဲ့အချိန်မှာပဲ အမေရိကန်က အခုလို စတင်လုပ်ဆောင်လာတာပါ။
သမ္မတထရမ့်ကတော့ ပိတ်မိနေတဲ့ တခြားနိုင်ငံက အပြစ်မဲ့သင်္ဘောတွေကိုလည်း ဘေးကင်းကင်းနဲ့ ပြန်ထွက်နိုင်အောင် ကူညီလမ်းညွှန်ပေးသွားမယ်လို့ ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့အများအပြား ဖြတ်သန်းရာ နေရာဖြစ်တာကြောင့် ဒီရေလမ်းကြောင်း ပြန်လည်ပွင့်လင်းဖို့က နိုင်ငံတကာ စွမ်းအင်ဈေးကွက်နဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးကွင်းဆက်တွေအတွက် အလွန်အရေးကြီးနေပါတယ်။



