Border News Agency
ဘီးလင်း၊ မေ ၉။
ဘီးလင်းမြို့နယ်နဲ့ဖားအံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မေလ ၈ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ဘီးလင်းမြို့နယ်နဲ့ ဖားအံမြို့နယ်ကကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ဟာ ပါရာမော်တာ၊ Y-12 ၊တိုက်လေယာဥ်နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးခဲ့ပြီး လူနေအိမ်၊ ဘာသာရေးနဲ့ပညာရေးအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။















