Border News Agency
ကျောက်တော်၊မေ ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊သုံးခွအနီးကို မေလ ၇ ရက်နေ့က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင် ကလေးငယ်တဦး၊အကျဉ်းထောင်ဆေးဝန်ထ မ်းတဦးနဲ့အရပ်သားတဦးသေဆုံးပြီးဆယ်ဦးခန့်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပြိုင်းချောင်းကျေးရွာသားပိုင်နွားခုနှစ်ကောင်လည်းသေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီကျောက်တော်မြို့နယ်ကို မေလ ၄ ရက်နေ့၊နံနက်ဆယ်နာရီအချိန်ခန့်ကစ တင်ပြီးအာဏာသိမ်းစစ်တပ်လေယာဥ်အုပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပါတ ယ်။
အဲဒီကျောက်တော်မြို့နယ်၊သံဖရာထောင့်ကျေးရွာနဲ့ဒက်ဖြူကျေးရွာအ နောက်ဘက်တောင်တန်းကို အာဏာသိ မ်းစစ်တပ်တိုက်လေယာဥ်တွေဟာတနာရီနီးပါးလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီအာကာတောင်တန်းကို ပြီးခဲ့တဲ့ဧပြီ လ ၂၂ ရက်နေ့၊နေ့လည်နှစ်နာရီမှသုံးနာ ရီထိလေကြောင်းတိုက်ခိုက်ခဲ့သလို ဧပြီ လ ၂၃ ရက်နေ့၊ညနေသုံးနာရီကျော်အ ချိန်ကလည်း အာဏာသိမ်းစစ်တပ်လေ ကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအာကာတောင်တန်းဟာ ကျောက်တော်မြို့အနောက်ဖက်ဆယ့်သုံးမိုင်ခန့်အကွာမှာတည်ရှိပြီးအနီးမှာပြိုင်းချောင်းရေလောင်တမံရှိပါတယ်။
အဲဒီပြိုင်းချောင်းဆည်အနီးမှာ သုံးခွ၊ကြာညိုအင်း၊ဂါဘု၊ရှောက်ချောင်း၊ပါးသစ်၊ပင်ဇိုင်းစတဲ့ကျေးရွာတွေတည်ရှိပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေယာဥ်အုပ်စုလိုက်လာရောက်လေကြော င်းတိုက်ခိုက်တာတွေပိုမိုလုပ်နေတာမို့အရပ်သားပြည်သူတွေလည်း သေဆုံးဒဏ်ရာရနေကြပါတယ်။






