Border News Agency
ထိုင်ဝမ်၊မေ ၁၅။
သမ္မတရှီကျင့်ဖျင်ကထိုင်ဝမ်အရေးဟာ နှစ်နိုင်ငံကြားအရေးအကြီးဆုံးကိစ္စဖြစ်ပြီး မှားယွင်းကိုင်တွယ်မိရင် ထိပ်တိုက်တွေ့ဆုံမှု ဒါမှမဟုတ် စစ်ပွဲအထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကို ဘေဂျင်းမှာပြောလိုက်ပါတယ်။
သမ္မတထရမ့်ကတော့ ရှီကျင့်ဖျင်ကို သူငယ်ချင်း လို့ ချီးကျူးပြီး လာမယ့်စက်တင်ဘာမှာ အိမ်ဖြူတော်လာဖို့ ဖိတ်ခဲ့ပေမယ့် ရှီကျင့်ဖျင်ကတော့ ပြိုင်ဘက်မဖြစ်ဘဲ မိတ်ဖက်ပဲ ဖြစ်သင့်တယ်လို့ လေသံမာမာနဲ့ တုံ့ပြန်ခဲ့တာပါ။
အီရန်နဲ့စစ်ပွဲကြောင့် ထောက်ခံမှုကျနေတဲ့ ထရမ့်အတွက် ဒီခရီးစဉ်က စီးပွားရေးအကျိုးအမြတ်ရဖို့ အရေးကြီးနေပြီး တရုတ်ဈေးကွက်ထဲ အမေရိကန်လုပ်ငန်းတွေ ပိုဝင်ခွင့်ရဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်ဝမ်အရေးမှာ တရုတ်က လုံးဝအလျှော့မပေးတဲ့ တင်းမာတဲ့အနေအထားရှိနေပေမယ့် အမေရိကန်ဘက်ကတော့ ထိုင်ဝမ်ရှိနေတာကို အသိအမှတ်ပြုပေမယ့် လွတ်လပ်ရေးကိုတော့ မထောက်ခံတဲ့ မရေရာတဲ့မူဝါဒကိုပဲ ဆက်ကိုင်ထားပါတယ်။
ဒါ့အပြင် နှစ်ဖက်စလုံးက ဟောမုဇ်ရေလက်ကြားကို လွတ်လပ်စွာ ဖွင့်ထားဖို့နဲ့ အီရန် နျူကလီးယားလက်နက် မပိုင်ဆိုင်စေရေးကိုတော့ သဘောတူညီခဲ့ကြပါတယ်။






