Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး နိုင်ငံတကာ သတင်း

မြန်မာ့ကျွန်းသစ် တရားမဝင်ကုန်သွယ်မှုကို ဆက်အရေးယူဖို့ Justice For Myanmar တောင်းဆို

​ဓာတ်ပုံ - Justice For Myanmar

​ဓာတ်ပုံ - Justice For Myanmar

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊ မေ ၁၉။

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေရှိနေပေမယ့် ဇိမ်ခံရွက်လှေထုတ်လုပ်ရေးလုပ်ငန်းတွေမှာ မြန်မာ့ကျွန်းသစ်တရားမဝင်မှောင်ခိုကုန်သွယ်မှုဆက်ရှိနေတာမို့ ထိရောက်စွာဆက်အရေးယူဖို့ Justice For Myanmar (JFM) တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သို့တင်သွင်းတဲ့ရွက်လှေတွေမှာ မြန်မာ့ကျွန်းသစ် တရားမဝင်အသုံးပြုခဲ့မှုအတွက် ဗြိတိန်အခြေစိုက် Sunseeker အပါအဝင် ဇိမ်ခံရွက်လှေထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး ဒဏ်ငွေအမေရိကန်ဒေါ်လာနှစ်သိန်းပေးဆောင်ဖို့ အမေရိကန်တရားရေးဝန်ကြီးဌာနအမိန့်ချခဲ့ပါတယ်။

အဲဒီကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်ကလည်း ယူကေမှာ သစ်တောထွက်ကုန် ဥပဒေချိုးဖောက်မှုကြောင့် ဒဏ်ငွေဒေါ်လာလေးသိန်းငါးသောင်းခန့် ပေးဆောင်ခဲ့ရပါတယ်။

​အဲဒီအပြင် နယ်သာလန်အခြေစိုက် Oceanco ရွက်လှေထုတ်လုပ်ရေး ကုမ္ပဏီဟာလည်း တူရကီကတဆင့် မြန်မာ့ကျွန်းသစ်တွေကို ခိုးယူတင်သွင်းပြီးအမေဇုံတည်ထောင်သူ ဘီလျံနာ Jeff Bezos ရဲ့ ဇိမ်ခံရွက်လှေမှာ အသုံးပြုခဲ့တာကြောင့် ဥရောပသမဂ္ဂ (EU) သစ်လုပ်ငန်းဆိုင်ရာပြဋ္ဌာန်းချက်တွေအတိုင်း ဒဏ်ရိုက်အရေးယူခံခဲ့ရပါတယ်။

​မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက်ပိုင်း အမေရိကန်နဲ့ နိုင်ငံတကာအစိုးရတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်းအပေါ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်ကုမ္ပဏီတချို့ဟာ ဥပဒေကိုရှောင်လွှဲပြီး သစ်ကုန်သွယ်မှုဆက်လုပ်နေတာကြောင့် ပို့ကုန်ဝင်ငွေတွေဟာ တရားမဝင်အာဏာသိမ်းစစ်တပ်ဆီ ဆက်လက်စီးဆင်းနေပြီး အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ဖို့ ငွေကြေးထောက်ပံ့သလို ဖြစ်နေတယ်လို့ JFM က ထောက်ပြပါတယ်။

အဲ​ဒါကြောင့် အမေရိကန်၊ အီးယူနဲ့ ယူကေအစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို ရပ်တန့်နိုင်ဖို့အတွက် မြန်မာ့သစ်မှောင်ခိုကုန်သွယ်မှုတွေကို အရေးတကြီးစုံစမ်းစစ်ဆေးဖို့၊ ငွေပေးချေမှုမှာပါဝင်တဲ့ ဘဏ်တွေကို စစ်ဆေးဖို့နဲ့ သူတို့ထိန်းချုပ်ထားတဲ့ ကဏ္ဍတွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ကာ မြန်မာ့သစ်တင်သွင်းမှုကို လုံးဝပိတ်ပင်တားမြစ်ပေးဖို့ တောင်းဆိုထားပါတယ်။

PrevPrevious​အီရန်အပေါ် စစ်ရေးအရတိုက်ခိုက်မယ့်အစီအစဉ်ကို ဒေါ်နယ်ထရန့် ယာယီဆိုင်းငံ့
Nextအာရက္ခဒေသက အမျိုးသမီးတွေ ဘာကြောင့် ဥပဒေအရအကာအကွယ်တွေရသင့်လဲNext
Previous Post

​အီရန်အပေါ် စစ်ရေးအရတိုက်ခိုက်မယ့်အစီအစဉ်ကို ဒေါ်နယ်ထရန့် ယာယီဆိုင်းငံ့

Next Post

အာရက္ခဒေသက အမျိုးသမီးတွေ ဘာကြောင့် ဥပဒေအရအကာအကွယ်တွေရသင့်လဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - Google

ရွှေဘိုခရိုင်မှာ Operation OTT စစ်ဆင်ရေးပြီးလို့ Starlink ပြန်ဖွင့်ပေး

May 22, 2026

အိုက်ဇောမှာ တရားမဝင် ပစ္စတိုနဲ့ ကျည်ဆန်တွေ ဖမ်းမိ

May 22, 2026

PDFတပ်တွေဆီ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး အလင်းဝင်

May 22, 2026
​ကိုးကား / ဓာတ်ပုံ - Al Jazeera

ပိုလန်သို့ အမေရိကန်စစ်သည် ၅,၀၀၀ ထပ်တိုးစေလွှတ်မယ်လို့ ထရမ့်ကြေညာ

May 22, 2026

ရွှေဘိုခရိုင်မှာ Operation OTT စစ်ဆင်ရေးပြီးလို့ Starlink ပြန်ဖွင့်ပေး

အိုက်ဇောမှာ တရားမဝင် ပစ္စတိုနဲ့ ကျည်ဆန်တွေ ဖမ်းမိ

PDFတပ်တွေဆီ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး အလင်းဝင်

ပိုလန်သို့ အမေရိကန်စစ်သည် ၅,၀၀၀ ထပ်တိုးစေလွှတ်မယ်လို့ ထရမ့်ကြေညာ

ဒီပဲယင်းမှာ စတားလင့်အင်တာနက် ကန့်သတ်ချက်တွေနဲ့ ပြန်ခွင့်ပြု

ကော့ဘဇားမှာ ယာဘဆေးပြား ၁၅,၆၀၀ နဲ့အတူ လူ ၂ ဦးဖမ်းမိ

Releated Post

ဓာတ်ပုံ - Google

ရွှေဘိုခရိုင်မှာ Operation OTT စစ်ဆင်ရေးပြီးလို့ Starlink ပြန်ဖွင့်ပေး

May 22, 2026

အိုက်ဇောမှာ တရားမဝင် ပစ္စတိုနဲ့ ကျည်ဆန်တွေ ဖမ်းမိ

May 22, 2026

PDFတပ်တွေဆီ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး အလင်းဝင်

May 22, 2026
​ကိုးကား / ဓာတ်ပုံ - Al Jazeera

ပိုလန်သို့ အမေရိကန်စစ်သည် ၅,၀၀၀ ထပ်တိုးစေလွှတ်မယ်လို့ ထရမ့်ကြေညာ

May 22, 2026
​ဓာတ်ပုံ - Google

ဒီပဲယင်းမှာ စတားလင့်အင်တာနက် ကန့်သတ်ချက်တွေနဲ့ ပြန်ခွင့်ပြု

May 22, 2026
​ဓာတ်ပုံ - Bangladesh Coast Guard

ကော့ဘဇားမှာ ယာဘဆေးပြား ၁၅,၆၀၀ နဲ့အတူ လူ ၂ ဦးဖမ်းမိ

May 22, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page