Border News Agency
ပဲခူး၊ မေ ၂၃။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ PDFဗျူဟာ ၂၂ ဆီကို အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦးအလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီဗျူဟာ ၂၂ ဆီကို ပြည်သူ့စစ်မှုထမ်းတပ်သားတဦးက မေလ ၂၀ ရက်နေ့က လက်နက်မဲ့အလင်းဝင်ရောက်ခဲ့တာပါ။
အဲဒီအလင်းဝင်တပ်သားဟာ အဓမ္မစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ မှ တပ်သားတဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ မတရားခိုင်းစေတဲ့အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် လက်နက်မဲ့ထွက်ပြေးအလင်းဝင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင်အလင်းဝင်တပ်သားကို တော်လှန်ရေးတပ်တွေမှ နွေးထွေးစွာကြိုဆိုလက်ခံထားတယ်လို့ PDF ဗျူဟာ ၂၂ က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဗျူဟာ ၂၂ နဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ခွဲတွေကိုဆက်သွယ်ပြီး အလင်းဝင်ရောက်တဲ့အပြင် လက်နက်ခဲယမ်းတွေပါရင် ထိုက်တန်စွာချီးမြှင့်ဂုဏ်ပြုသွားမယ်လို့ PDF ဗျူဟာ ၂၂ က အသိပေးထားပါတယ်။






