Border News Agency
အိန္ဒိယ၊မေ ၂၃။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၊တွီခွါသလန်ရပ်ကွက်မှာ တရားမဝင် လက်နက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ် စစ်ကြောင်းက မေလ ၂၂ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
နယ်မြေခံပူးပေါင်းစစ်ကြောင်းဟာ လျှို့ဝှက်သတင်းအရ မေလ ၂၁ ရက်နေ့မှာ အဲဒီရပ်ကွက်အတွင်းက သံသယရှိသူတဦးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာလို့ဆိုပါတယ်။
အဲဒီလို ဝင်ရောက်ရှာဖွေရာကနေ ၀.၃၂ မမ ပစ္စတိုသေနတ် ၁လက်၊ကျည်ဆန်တွေနဲ့အတူ အသုံးပြုပြီးသား ကျည်ခွံ ၁၆ ခုကို ရှာဖွေပုံစံနဲ့အတူ သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီဖမ်းဆီးရမိတဲ့ သေနတ်၊ ကျည်ဆန်တွေနဲ့အတူ ပြစ်မှုကျူးလွန်သူကို အိုက်ဇောရဲစခန်းဆီ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။






