Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အာရက္ခဒေသက အမျိုးသမီးတွေ ဘာကြောင့် ဥပဒေအရအကာအကွယ်တွေရသင့်လဲ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
20
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၂၀။

လက်နက်ကိုင်ပဋိပက္ခတွေအပါအဝင် ပဋိပက္ခတွေဖြစ်လာရင် အထိခိုက်အလွယ်ဆုံးအုပ်စုတွေထဲမှာ အမျိုးသမီးတွေလည်းပါပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဟာ ဖိနှိပ်မှုတွေကလွတ်မြောက်အောင်ရုန်းကန်နေတဲ့ကိစ္စပါ။

အဲဒီတော့လက်နက်ကိုင်တော်လှန်ရေးရဲ့အခြေခံဟာ လူအချင်းချင်းဖိနှိပ်မှုကို တွန်းလှန်မှုပဲဖြစ်သင့်ပါတယ်။

အာရက္ခဒေသက အမျိုးသမီးတချို့လ က်ရှိရင်ဆိုင်ခံစားကြုံတွေ့နေကြရတဲ့ပြဿနာဟာ လူမှုရေးနယ်ပါယ်ထဲမှာသာမကဘဲ စနစ်မူဝါဒပိုင်းဆိုင်ရာကိစ္စ ဖြစ်နေတာပါ။

လူမှုစီးပွားဘဝအကျပ်အတည်းက အ မျိုးသမီးတွေအပေါ် ဝတ္ထုပြုခြင်း

ဝတ္ထုပြုခြင်း(Objectification)ဆိုတာ အရိုးရှင်းဆုံးပြောရင် လူကို လူသားအဖြစ်မမြင်ဘဲ အသုံးချစရာအရာဝတ္ထုအဖြစ်သာမြင်နေကြတာပါ။

အဲဒီလိုမြင်ပုံမျိုးဟာ ဖွံ့ဖြိုးတိုးတက်မှုကို တက်လှမ်းချင်တဲ့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်ပါတယ်။

အရပ်သားအမျိုးသမီးတွေ၊ စစ်သမီးတွေအပေါ် ကာယကံရှင်ရဲ့ ဆန္ဒကို မျ က်ကွယ်ပြုပြီး အတင်းဓမ္မလက်ထပ်မှုတချို့ရှိနေပြီး သူမတို့ဟာတရားမျှတမှုကို တောင်းဆိုခွင့်မရတာဟာလည်း ဝတ္ထုပြုခြင်းပါပဲ။

အဲဒီအပြင် မယားပြိုင်အတွေးအခေါ် အစပြုလာမှုပါ။ အရင်ဇနီးမယားဖြစ်သူက ရပ်တည်ချက်ဟာ မယားပြိုင်အနေနဲ့မနေလိုတဲ့အတွက် ကွာရှင်းမှုလမ်း ကြောင်းကို ရောက်လာလို့သာ မယားပြိုင်သင်္ကေတလက္ခဏာဖြစ်မလာသေးတာပါ။

အဲဒီတော့ကွာရှင်းမှုလမ်းကြောင်းကို ရောက်လာတယ်ဆိုရင်တောင်အကျိုးဆက်က အမျိုးသမီးတွေအဖို့လူမှုရေးဆိုင်ရာစိတ်ဒုက္ခတွေက ရှိလာပါတယ်။

အဲဒီကွာရှင်းမှုလမ်းကြောင်းတွေဟာအိမ်ထောင်ရှင်အမျိုးသမီးတဦးအပေါ် ခင်ပွန်းဖြစ်သူက ဘာရယ်ညာရယ်အ ကြောင်းပြချက်မရှိဘဲ ကွာရှင်းကာ နောက်ထပ်အိမ်ထောင်ပြုမှုပုံစံကို ပိုရောက်နေပါတယ်။

အဲဒီလိုကွာရှင်းမှုဖြစ်စဉ်တွေထဲမှာ ကွာရှင်းတဲ့အမျိုးသမီးတွေအတွက် လူမှုရေးဆိုင်ရာတရားမျှတမှု(Social Justice)မရှိသလောက် ဖြစ်နေပါတယ် ။

အဲဒါက အိမ်ထောင်ရေးဆိုင်ရာနဲ့တရား​​​မျှတမှုအပိုင်းပါ။

လူ့အဖွဲ့အစည်းတခုရဲ့စံနှုန်းအရ ဘယ်အမျိုးသမီးတဦးကိုမဆို ကာယကံရှင်ရဲ့ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဟာ ကျင့်ဝတ်သိက္ခာမဲ့မှုသက် သက်သာဖြစ်ပါတယ်။

မုဒိမ်းမှုတွေက ထင်သာမြင်သာရှိပေမယ့် တချို့လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေက ထင်သာမြင်သာ သိပ်မရှိပါဘူး။ဒါပေမယ့် ခံရတဲ့အမျိုးသမီးတွေအတွက်တော့ ခြိမ်းခြောက်မှုတွေပါပဲ။

အဲဒါတွေဟာ အမျိုးသမီးတွေကို ဝတ္ထုပြုတတ်တဲ့အတွေးအခေါ်ကနေလာတဲ့သက်ရောက်မှုတွေပါပဲ။

အဲဒီလိုဖြစ်စဉ်တွေအပေါ် ဘာအကြောင်းပြချက်နဲမှကျူးလွန်မှု၊ကျူးလွန်သူကို အကာအကွယ်ပေးနေစရာလည်း မလိုပါဘူး။

အဲဒီလိုမျိုးအမျိုးသမီးတွေအပေါ် ရိုက် ခတ်နေတဲ့ကိစ္စတွေဟာ လူမှုစီးပွားဘဝ ကျပ်တည်းနေချိန်မှာ ပိုပြီးများလာတ တ်ပါတယ်။

ဆင်းရဲဲကျပ်တည်းလာတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို လေးစားတန်ဖိုးထားမှုတွေလည်း ပျောက်ကွယ်လာတတ်တဲ့အန္တရာယ်ရှိပါတယ်။

စစ်ပွဲကာလကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေးကျပ်တည်းမှု၊ဘဝမျှော်လ င့်ချက်ပျောက်ဆုံးမှုတွေရဲ့တဖက်မှာရခိုင်လူ့အဖွဲ့အစည်းအတွင်းမှာ”နောက်လင်၊ နောက်မယား”ပြဿနာတွေ၊ (ဗိုလ်လုပွဲ)ပြဿနာတွေ၊အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာတန်ဖိုးနှိမ့်ချကြတဲ့မှတ်ချက်တွေ(Comments ) အားကောင်းနေတဲ့ယဉ်ကျေးမှုဖောက် ပြန်မှုတွေ လှိုင်းလုံးလိုတက်လာနေတာကို သတိပြုကြဖို့လိုပါတယ်။

အဲဒါတွေကို ရေတိုစစ်ရေးအမြင်တခုတည်းနဲ့ဖြေရှင်းလို့မရဘဲ အမျိုးသမီးတွေကို စီးပွားရေးအခွင့်အလမ်းတွေပေးပြီး ရေရှည်မူဝါဒတွေနဲ့ဖြေရှင်းရမယ့်အခြေအနေဖြစ်နေပါတယ်။

လက်ရှိရင်ဆိုင်ကြုံတွေ့နေကြရတဲ့စိန် ခေါ်မှုက”စစ်နိုင်ရုံတင်မကဘဲ လူ့ဂုဏ်သိက္ခာကိုလေးစားပြီးယဉ်ကျေးတဲ့လူ့ အဖွဲ့အစည်းသစ်(Nation Building)”ကိုပါ တည်ဆောက်နိုင်ဖို့ပါပဲ။

အဲဒါဟာ ပဋိပက္ခဒေသတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကျိုးဆက်တခုလည်း ဖြစ်ပါတယ်။

စစ်ပွဲ၊ ပဋိပက္ခနဲ့အကျပ်အတည်းတွေ ရှိနေတဲ့နေရာမှာ အမျိုးသမီးတွေကို ရိုက်ခတ်တတ်တဲ့ပုံစံတွေကို ကမ္ဘာကြီးက သင်ခန်းစာရထားခဲ့တာကြာပါပြီ။

အဲဒီနေရာမှာ အဓိကအချက်တခုက နိုင်ငံတကာပဋိညာဉ်တွေဟာ အာရက္ခဒေသကိုလည်း သက်ရောက်တယ်ဆိုတာပါပဲ။

အဲဒီလိုသက်ရောက်နေလို့ အာရက္ခဒေသဟာလည်း နိုင်ငံတကာပဋိညာဉ်တွေကို လေးစားလိုက်နာဖို့ တာဝန်ရှိပါတ ယ်။

အပြည်ပြည်ဆိုင်ရာဥပဒေကျင့်ထုံးတွေအရ အာရက္ခဒေသမှာ ကိုယ်ပိုင်တရား စီရင်ရေးနဲ့ဥပဒေမရှိရင် အဲဒီဥပဒေဟာ ကွက်နေရာမှာ နိုင်ငံတကာပဋိညာဉ်တွေက ဥပဒေအရသက်ရောက်လာပြီး စီရင်လို့ရပါတယ်။

အခြေအနေတရပ်ကြောင့် လက်ရှိ လက်ငင်းမခံစားရရင်တောင် နိုင်ငံတကာ ပဋိညာဉ်တွေမှာလည်း ဖိအားသက်ရောက်မှုတွေရှိနေတယ် ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

လက်ရှိမှာ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး အာရက္ခဒေသဟာ ပြန်လည်ဂရု ပြုသင့်တဲ့နိုင်ငံတကာပဋိညာဉ်တွေရှိပါတယ်။

  • CEDAW စာချုပ်(အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ခွဲခြားမှုပပျောက်ရေး ကွန်ဗင်းရှင်း)

အပိုဒ် (၁၅)- ဥပဒေရှေ့မှောက်မှာ အမျိုးသမီးနဲ့ အမျိုးသားဟာ တန်းတူရှိပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေလို အရပ်ဘက်ဆိုင်ရာကိစ္စရပ်တွေ၊ စာချုပ်ချုပ်ဆိုခွင့်နဲ့အမှီအခိုကင်းခွင့်တွေမှာ တန်းတူဥပဒေကြောင်းအရအကာအ ကွယ်ရရှိပါတယ်။

အပိုဒ်(၁၆)-အိမ်ထောင်ရေးနဲ့မိသားစုဘဝအတွက်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူညီမျှမှုရှိပါတယ်။

မိမိဆန္ဒအလျောက်သာ အိမ်ထောင်ဖ က်ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး အတင်းအဓမ္မလက်ထပ်ခြင်း (Forced Marriage)ကို လုံးဝခွင့်မပြုပါဘူး။

ကွာရှင်းပြတ်စဲမှုနဲ့သားသမီးကိစ္စတွေမှာလည်း အမျိုးသမီးတွေဟာ အမျိုး သားတွေနဲ့တန်းတူအခွင့်အရေးရှိပါတ ယ်။

  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) – အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး (WPS)

ဒါကတော့ စစ်ပွဲနဲ့ပဋိပက္ခဖြစ်ပွားရာ ဒေသတွေနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ နိုင်ငံတကာစံနှုန်းဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) ဟာ ၂၀၀၀ ပြည့်နှစ်မှာ အတည်ပြုခဲ့တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

စစ်ပွဲတွေ၊ပဋိပက္ခတွေထဲမှာ အမျိုးသမီးတွေဟာ ဒုက္ခသည်အဖြစ်အသုံးချခံ၊ မြေစာပင်အဖြစ်ပဲ အမြဲရှိနေခဲ့တဲ့ အစဉ် အလာကိုပြောင်းလဲဖို့ ဒီစံနှုန်းကို ချမှ တ်ခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက် ၁၃၂၅ မှာ ပါဝင်ဆောင်ရွက်ခွင့်(Participation)၊ကာကွယ်စောင့်ရှောက်ခြင်း(Protection)၊ တားဆီးကာကွယ်ခြင်း(Prevention)၊ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူ ထောင်ရေး (Relief and Recovery)ဆိုပြီး အဓိက မဏ္ဍိုင်လေးချက်ပါဝင်ပါတယ်။

အဲဒီမဏ္ဍိုင်လေးချက်ထဲမှာ ကာကွယ်စောင့်ရှောက်ခြင်း(Protection)နဲ့ပါဝင်ဆောင်ရွက်ခွင့်(Participation)အပိုင်း နှစ်ခုကို အာရက္ခဒေသသတိပြုမိဖို့လိုပါတယ်။

ကာကွယ်စောင့်ရှောက်ခြင်း (Protection)

စစ်ပွဲကာလအတွင်းမှာ အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊အမြတ်ထုတ်မှု (Gender-based violence/Sexual violence)တွေက ကာကွယ်ပေးရပါမယ်။

စစ်ပွဲတွေဖြစ်လာရင် လက်နက်ကိုင်ထားတဲ့အမျိုးသားတွေကြားထဲမှာအင် အားနည်းတဲ့ အရပ်သားအမျိုးသမီးတွေနဲ့တပ်တွင်းကအမျိုးသမီးရဲဘော်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်မှုတွေရဲ့သားကောင်ဖြစ်သွားရလေ့ ရှိပါတယ်။

အဲဒါကို ကာကွယ်ဖို့အတွက် UNSCR 1325 က အောက်ပါအချက်တွေကို ပြတ်ပြတ်သားသား ချမှတ်ထားပါတယ်။

  • စစ်လက်နက်တခုလို အသုံးချမှုကို တားဆီးခြင်း-စစ်ပွဲတွေမှာ ရန်သူ့ဘက်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေကို စစ်ဗျူဟာ(War Weapon)တခုလို အသုံးမချမိအောင် ဥပဒေနဲ့တားဆီးရပါမယ်။
  • ကိုယ်ပိုင်တပ်ဖွဲ့ဝင်တွေရဲ့ကျင့်ဝတ်ကို ထိန်းကျောင်းခြင်း – ဒါက ကိုယ့်တော် လှန်ရေးတပ်ဖွဲ့၊ကိုယ့်လက်နက်ကိုင်အဖွဲ့ထဲက အရာရှိတွေ၊ရဲဘော်တွေဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး တပ်တွင်း/တပ်ပြင်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ်မထုတ်နိုင်အောင် ပြ င်းထန်တဲ့စစ်စည်းကမ်း၊ပြစ်ဒဏ်တွေ ချမှတ်ကာကွယ်ရပါမယ်။
  • လွတ်လပ်တဲ့တိုင်ကြားမှုယန္တရားရှိခြင်း -ဖိနှိပ်ခံရတဲ့အမျိုးသမီးတွေဟာ အထ က်လူကြီးကို ကြောက်လို့ နှုတ်ဆိတ်မနေရဘဲ ဘေးကင်းလုံခြုံစွာတိုင်ကြားနို င်တဲ့လမ်းကြောင်း(Reporting Mechanism)ကို ဖန်တီးပေးထားရပါမယ်။

ပါဝင်ဆောင်ရွက်ခွင့်(Participation)

ရှေးခေတ်အတွေးအခေါ်တွေနဲ့ဖိုဝါဒီတွေရဲ့အမြင်မှာ”စစ်တိုက်တာ ယော က်ျားတွေအလုပ်၊မိန်းမတွေက အိမ်မှာ ကလေးမွေးပြီးပြုစုရမယ်၊ ဒါမှမဟုတ် စစ်သားတွေ စိတ်အပန်းပြေအောင် ဖျော်ဖြေပေးရမယ်”ဆိုတဲ့ အသုံးချခံသက်သက်(Biological Instrument) အဖြစ် အမျိုးသမီးတွေကို မြင်ကြပါတယ်။

UNSCR 1325 က ဒီအတွေးအခေါ်ကို ရိုက်ချိုးပြီး အမျိုးသမီးတွေကို အော က်ပါကဏ္ဍတွေမှာ အခွင့်အရေးပေးဖို့ တောင်းဆိုထားပါတယ် –

  • ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပါဝင်ခွင့် – စစ်ရေးဗျူဟာ ချမှတ်တာမျိုး၊ဒေသန္တရ အုပ်ချုပ်ရေး ယန္တ ရားတည်ဆောက်တာမျိုး၊မူဝါဒချမှတ်တာမျိုးစတဲ့ အရေးကြီးတဲ့ ထိပ်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေကို တန်း တူ ပါဝင်ခွင့်ပေးရပါမယ်။

မိန်းမတွေအပေါ် ရိုက်ခတ်နေတဲ့ကိစ္စတွေကို ယောက်ျားတွေချည်းပဲ ထိုင်ပြီးဆုံးဖြတ်နေတာမျိုး မဖြစ်စေရပါဘူး။

  • ငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲတွေ – စစ်ပြီးရင်နယ်မြေပြန် လည်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါ အမျိုးသမီးတွေရဲ့အသံ၊အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေကို ကိုယ်တိုင်တင်ပြခွင့်ရရပါမယ်။
  • တန်းတူရဲဘော်အဖြစ် အသိအမှတ်ပြုခြင်း – အမျိုးသမီးတွေကို စစ်သင်တန်းပေးပြီး တိုက်ပွဲဝင်ခိုင်းတယ်ဆိုရင် တာ ဝန်တင်တန်းတူမကဘဲ အခွင့်အရေးနဲ့ လေးစားမှု(Respect)ကိုပါ တန်းတူ ပေးရပါမယ်။

တော်လှန်ရေး၊စစ်ရေး၊နိုင်ငံရေးနဲ့ပြန် လည်ထူထောင်ရေးကဏ္ဍစုံရဲ့ဆုံးဖြတ် ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသ မီးတွေ တန်းတူ ပါဝင်ခွင့်ရရပါမယ်။ အမျိုးသမီးတွေကို အသုံးချခံပစ္စည်းတခုအဖြစ်ပဲ မထားရပါဘူး။

ရောမစာချုပ်(Rome Statute)နဲ့နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)စံနှုန်းတွေ

နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေအရ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကျူးလွန်တဲ့တချို့လုပ်ရပ်တွေကို”စစ်ရာဇဝတ်မှု”(War Crimes)သို့မဟုတ်”လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု” (Crimes Against Humanity)အဖြစ် သတ်မှတ်ထားပါတယ်။

ရောမစာချုပ်ရဲ့ပြဋ္ဌာန်းချက်များအရ စစ်ပွဲအတွင်း အရပ်သား သို့မဟုတ် တပ်တွင်းအမျိုးသမီးတွေကို အတင်းအဓမ္မသားမယားပြုကျင့်ခြင်း(Rape)၊လိင်ပိုင်းဆိုင်ရာကျွန်ပြုခြင်း(Sexual Slavery)၊အတင်းအဓမ္မထိမ်းမြားလက်ထပ်ခြင်း(Forced Marriage)တို့ဟာ နိုင်ငံတကာဥပဒေအရပြင်းထန်တဲ့ရာဇဝတ်မှုတွေဖြစ်ပါတယ်။

အဲဒါဟာ ရန်သူအမျိုးသမီးတပ်ဖွဲ့ဝင်တွေကိုသာမကဘဲ မိမိတပ်ဖွဲ့ထဲက အမျိုးသမီးတပ်ဖွဲ့ဝင်တွေကို ကျူးလွန်ရင်လည်း နိုင်ငံတကာရာဇဝတ်တရားရုံး(I CC)စံနှုန်းအရ ရာဇဝတ်မှုမြောက်ပါတယ်။

အာရက္ခဒေသဟာ ICJ ရဲ့ စီရင်ဆုံးဖြတ်မှုအောက်မှာရှိနေတဲ့ဒေသဖြစ်ပြီးကု လသမဂ္ဂကိုယ်တိုင်ကအချက်အလက်ရှာဖွေရေးယန္တရားကိုဖွဲ့စည်းကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အချက်အလက်ဖျောက်ဖျက်မှုတွေကို မျက်စိဒေါက်ထောက်ကြည့်ခံနေရတဲ့ဒေသလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ မဏ္ဍိုင်လေးချက်ဟာ တခုနဲ့တခုဆက်စပ်နေပါတယ်။

စစ်ပွဲကာလမှာ အမျိုးသမီးတွေကို ကာကွယ်(Protect)ပေးနိုင်မှစစ်ပြီးတဲ့အခါ သူတို့ဘဝတွေပြန်လည်ထူထောင် (Recover)လာနိုင်မှာဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင် (Participate) လာခွင့်ရမှသာ နောက်ထပ် ဖိနှိပ်မှုတွေ မဖြစ်အောင်တားဆီး (Prevent) နိုင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ လူမှုရေး၊စစ်ရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် UNSCR 1325 ရဲ့ မဏ္ဍိုင် ၄ ချက်ထဲကကိစ္စတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့မူဝါဒတွေထဲမှာထည့်သွင်းအကောင်အထည်ဖော်ဖို့လည်း လိုအပ်နေပါတယ်။

PrevPreviousမြန်မာ့ကျွန်းသစ် တရားမဝင်ကုန်သွယ်မှုကို ဆက်အရေးယူဖို့ Justice For Myanmar တောင်းဆို
Nextရေနံချောင်းမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးNext
Previous Post

မြန်မာ့ကျွန်းသစ် တရားမဝင်ကုန်သွယ်မှုကို ဆက်အရေးယူဖို့ Justice For Myanmar တောင်းဆို

Next Post

ရေနံချောင်းမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒီလပ်တပ်ဖွဲ့ဝင်တချို့နဲ့အုပ်ချုပ်ရေးမှူးတချို့ဘိန်းစာရွက်ပင်သုံးစွဲနေ

June 10, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၆

June 10, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page