Border News Agency
စစ်ကိုင်း၊မေ ၂၂။
ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ “Proof of Life” လူထုလှုပ်ရှားမှု သပိတ်တခုကို မေလ ၂၁ ရက်နေ့ကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီနဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေဟာ အကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျန်းကျန်းမာမာ ရှိနေကြောင်း ကမ္ဘာကို အတိအလင်း သက်သေပြသပေးဖို့ကိုလည်း ကြွေးကြော်သံတွေနဲ့အတူ တောင်းဆိုခဲ့ကြပါတယ်။


















