Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာ ခံမှု-နိဂုံး

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၁၉။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့်တရားဖြောင့်မတ်တည်ကြည်မှု (INTEGRITY)နှင့်ကိုယ်ကျိုးစွန့်အနစ်နာခံ၍အလုပ်အကျွေးပြုခြင်း (SELFLESS SERVICE)

နိုင်ငံတော်၊ပြည်သူလူထု၊မိမိအဖွဲ့အစည်းနှင့်လက်အောက်ငယ်သားများ၏ သာယာဝပြောရေးကို မိမိအကျိုးထက် ဦးစားပေးရမည်ဖြစ်သည်။

ယနေ့ခေတ်နိုင်ငံတော်သည် မိမိအပေါ် နိုင်ငံနှင့်ပြည်သူလူထုက မည်သို့ကျေးဇူးတင်ရှိရမည်ဟု တွေးတောနေသူများထက် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် မည်သို့အလုပ်အကျွေးပြုရမည်ဟူ သောစိတ်ဓာတ်ရှိသည့်အမျိုးသား၊ အမျိုးသမီးများကို လိုအပ်နေသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥပဒေကြောင်းအရရော ကိုယ်ကျင့်တရားအရပါ မှန်ကန်သောအရာကို လုပ်ဆောင်ရန် လိုအပ်သည်။

ပြည်သူလူထုက စစ်ဘက်ခေါင်းဆောင်များအား စစ်ပညာကျွမ်းကျင်ရုံသာမက ကိုယ်ကျင့်တရားဖြောင့်မတ်တည် ကြည်သည့်တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီးများအဖြစ်ပါမြင်လိုကြသည်။

စစ်တပ်ကို”အလုပ်အကျွေးပြုခြင်း”(The Service)ဟု ခေါ်ဝေါ်ကြသည်ကို သင်ခဏခဏကြားဖူးပါလိမ့်မည်။

စစ်တပ်၏အဖွဲ့ဝင်တဦးအနေဖြင့် သင်သည် နိုင်ငံတော်ကို အလုပ်အကျွေးပြုနေသူဖြစ်သည်။

ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းဆိုသည်မှာ နိုင်ငံတော်၊စစ်တပ်၊မိမိအဖွဲ့အစည်းနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် မှန်ကန်သောအရာကို လုပ်ဆောင်ခြင်းနှင့်ယင်းတာဝန်များကို မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားထက် အမြဲထိပ်တန်းတွင် ထားရှိခြင်းပင်ဖြစ်သည်။

မိမိအဖွဲ့အစည်း၊နိုင်ငံတော်နှင့်ပြည်သူလူထုလိုအပ်ချက်များက ပထမဦးစားပေးဖြစ်သည်။

သို့သော် ယင်းမှာ မိမိ၏မိသားစု သို့မဟုတ် မိမိကိုယ်ကိုယ် လျစ်လျူရှုရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

အမှန်စင်စစ် ထိုသို့လျစ်လျူရှုခြင်းသည် စစ်သည်တဦးကို အားနည်းစေပြီး စစ်တပ်အတွက် အကျိုးထက် အဆိုးကိုသာ ပိုမိုဖြစ်ထွန်းစေနိုင်သည်။

ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ မိမိကိုယ်ကိုယ်တန်ဖိုးထားခြင်း၊ မိမိအတွက်ရုပ်ပိုင်း၊စိတ်ပိုင်းကျန်းမာသော ရည်မှန်းချက်ရှိခြင်းတို့ကို မရှိရဟုတားမြစ်ထားခြင်းမဟုတ်ပေ။

ယင်းအစား ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းဆိုသည်မှာ အခြားသူများကို ထိခိုက်စေမည့် သို့မဟုတ် တာဝန်ကို ပျက်ပြားစေမည့်၊မိမိ၏ပုံရိပ်နှင့်ရာထူးတိုးတက်ရေးအတွက်သာ ဦးတည်သည့် ဆုံးဖြတ်ချက်များ သို့မဟုတ် လုပ်ရပ်များကို မလုပ်ဆောင်ခြင်းကို ဆိုလိုသည်။

အဖွဲ့အစည်းတခုအနေဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ပြီး အဖွဲ့တခု အောင်မြင်ရန်အတွက် တဦးတယောက်ချင်းစီသည် အများကောင်းကျိုးအတွက် မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားကို စွန့်လွှတ်နိုင်ရမည်ဖြစ်သည်။

ကိုယ်ကျင့်တရား ဖြောင့်မတ်သူများအတွက် အခြေအနေတခု၊ပြဿနာတခုကို ယာယီဖြေရှင်းနိုင်ရုံမျှဖြင့် မလုပ်ဆောင်ကြပေ။

အခြေခံမူဝါဒများအပေါ် အစဉ်တစိုက်အခြေခံ၍ လုပ်ဆောင်ကြသည်။

ထိုသို့သော တပ်ဖွဲ့ဝင်များသည် မိမိတို့၏မူဝါဒ၊စံတန်ဖိုးများကို ရှင်းလင်းစွာ ဖော်ပြလေ့ရှိသည်။

ထိုဖော်ပြထားသော မူဝါဒများနှင့်အညီ အမြဲမပြတ် ကျင့်ကြံနေထိုင်ကြသည်။

လက်နက်ကိုင်တပ်ဖွဲ့တခုသည် မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းများရှိသော၊ ပြောဆိုလုပ်ကိုင်သမျှတွင် ရိုးသားဖြောင့်မတ်သော ခေါင်းဆောင်များကို လိုအပ်သည်။

ရိုးသားခြင်းဆိုသည်မှာမည်သို့သော ဖိအားများရှိနေပါစေ အချိန်တိုင်း သစ္စာရှိပြီး ဖြောင့်မတ်နေခြင်းကို ဆိုလိုသည် ။

ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်ခြင်းဆိုသည်မှာ ကိုယ်ကျင့်သိက္ခာ ပြည့်စုံမှုရှိခြင်းနှင့်မိမိကိုယ်ကိုယ်သစ္စာရှိခြင်းပင်ဖြစ်သည်။

တပ်ဖွဲ့ဝင်တဦးအနေဖြင့် စစ်သည်တော်ကျင့်ဝတ်တန်ဖိုးများကို အစဉ်တစိုက် စောင့်ထိန်းနေထိုင်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရိုးသားမှုရှိနိုင်သကဲ့သို့၊မိမိလုပ်ရပ်များနှင့် မိမိ၏မူလသဘာဝကို အရှိကို အရှိအတိုင်းဟန်ဆောင်မှုမရှိဘဲ ဖော်ပြခြင်းဖြင့် သူတပါးအပေါ် ရိုးသားမှုကို ပြသနိုင်သည်။

တပ်ဖွဲ့ဝင်များသည် ပြောသည့်အတိုင်း လုပ်ဆောင်သင့်ပြီး လုပ်ဆောင်သည့်အတိုင်းလည်း ပြောဆိုသင့်သည်။

အကယ်၍ တပ်ဖွဲ့ဝင်တယောက်သည် တာဝန်တခုကို မထမ်းဆောင်နိုင်ပါက အထက်အမိန့်ပေးစဉ်ဆက်(Chain of Command)ကို အသိပေးရမည်ဖြစ်သ ည်။

မှားယွင်းသော သတင်းအချက်အလက်ကို မရည်ရွယ်ဘဲ လက်ဆင့်ကမ်းမိပါက မှားယွင်းကြောင်း သိရှိသည်နှင့်တပြိုင်နက် ချက်ချင်း ပြုပြင်ရန်လိုအပ်သည်။

ကိုယ်ကျင့်တရား ဖြောင့်မတ်သူတို့သည် အဆင်ပြေရုံသက်သက်ဖြစ်စေ၊ ရွေးချယ်စရာမရှိ၍ဖြစ်စေ မှန်ကန်မှုကို လုပ်ဆောင်ကြခြင်းမဟုတ်ပေ။

၎င်းတို့၏စရိုက်လက္ခဏာက မှားယွင်းမှုကို လက်မခံနိုင်သောကြောင့် မှန်ကန်သောလမ်းစဉ်ကိုသာ ရွေးချယ်ကြခြင်း ဖြစ်သည်။

ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်စွာ နေထိုင်ခြင်းတွင် အပိုင်း ၃ ပိုင်း ပါဝင်သည်။

အမှားနှင့်အမှန်ကို ခွဲခြားသိမြင်မှု၊

မိမိအတွက် ထိခိုက်နစ်နာမှု ရှိနိုင်သည့်တိုင်အောင် မိမိမှန်သည်ဟု သိရှိထားသည့်အတိုင်း အမြဲမပြတ်ရပ်တည်လုပ် ဆောင်မှု၊

မိမိသည် အမှားအမှန် ခွဲခြားသိမြင်မှုအ ပေါ် အခြေခံ၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပွင့်လင်းစွာပြောဆိုမှုတို့ဖြစ် သည်။

လက်နက်ကိုင်တပ်ဖွဲ့တခုတွင် တပ်ဖွဲ့ဝင်တိုင်းအတွက် အင်စတီးကျူရှင်းအရပင် အဆိုပါကိုယ်ကျင့်တရားဖြောင့်မတ်တည်ကြည်မှုအတွက် လမ်းဖွင့်ထားရန်လည်းလိုအပ်သည်။

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနယ်ပါယ်တွင် စစ်ဘက်၏ရပ်တည်ချက် သဘောထားအထိုင်တွင် အထက်ပါစံတန်ဖိုးရပ်တည်ချက်များပါဝင်ရသည်။

စံချိန်မီလက်နက်ကိုင်တပ်ဖွဲ့တရပ်ဖြစ်ရန် အဆိုပါကျင့်ဝတ်စံတန်ဖိုးများကိုအမြဲတန်း ထိတွေ့နှလုံးသွင်းနိုင်သောအခင်းအကျင်းများမှာ အမြဲလိုအပ်နေသ ည်။

လူ့ဘောင်တခု၌ အရပ်ဘက်-စစ်ဘက် ဆိုင်ရာ လူထုပဋိညာဉ် တရပ်မည်မျှ အားကောင်း၊အားမကောင်းဆိုသည်မှာ ထိုစစ်ဘက်ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများက လက်နက်ကိုင်တပ်ဖွဲ့များတွင် မည်မျှကျင့်သုံးသည်နှင့်လည်း သက်ဆိုင်နေမည်ဖြစ်သည်။

ပြီး။

အပိုင်း- ၁

  • https://burmese.bnanews.net/articles/16546/

အပိုင်း -၂

  • https://burmese.bnanews.net/news/16991/

အပိုင်း -၃

  • https://burmese.bnanews.net/articles/18026/

အပိုင်း -၄

  • https://burmese.bnanews.net/articles/18108/

အပိုင်း-၅

  • https://burmese.bnanews.net/articles/26402/

အပိုင်း -၆

  • https://burmese.bnanews.net/articles/26931/

အပိုင်း- ၇

  • https://burmese.bnanews.net/news/27984/

အပိုင်း- ၈

  • https://www.facebook.com/share/p/1CiPZ5UAx6/

ကိုးကား…

  • https://www.jbsa.mil/News/News/Article/1838051/commentary-from-one-leader-to-another-the-army-values/
PrevPreviousအာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦး KNLAဆီ အလင်းဝင်
Next​မူးယစ်ဂိုဏ်းချုပ် မြန်မာနိုင်ငံသား အိန္ဒိယမှာဖမ်းဆီးခံရNext
Previous Post

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦး KNLAဆီ အလင်းဝင်

Next Post

​မူးယစ်ဂိုဏ်းချုပ် မြန်မာနိုင်ငံသား အိန္ဒိယမှာဖမ်းဆီးခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - Arakan Princess Media

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုးဦးဒဏ်ရာရ

May 21, 2026
ဓာတ်ပုံ-ဆိုင်တွလ်ခရိုင်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ သိန်း ၁ သောင်းခွဲကျော်တန်ဟီးရိုးအင်းတွေနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ

May 21, 2026

အမေရိကန်ကအပစ်ရပ်ဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးကအီရန်နဲ့ စစ်ပြန်စချင်နေ

May 21, 2026

မြန်မာမှ စက်လှေနဲ့မှောင်ခိုသွင်းလာတဲ့ အန်ချီရီဆေးဖက်ဝင်အပင်တွေကို မီဇိုရမ်မှာဖမ်းဆီးရမိ

May 21, 2026

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုးဦးဒဏ်ရာရ

နမ္မတူမြို့မှာ ၅နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမယ်

မီဇိုရမ်မှာ သိန်း ၁ သောင်းခွဲကျော်တန်ဟီးရိုးအင်းတွေနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ

မလေးရှားမှာခရီးသည်တင် အဝေးပြေးဘတ်စ်ကားတစီး မီးလောင်ပြီးတိမ်းမှောက်

အမေရိကန်ကအပစ်ရပ်ဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးကအီရန်နဲ့ စစ်ပြန်စချင်နေ

မြန်မာမှ စက်လှေနဲ့မှောင်ခိုသွင်းလာတဲ့ အန်ချီရီဆေးဖက်ဝင်အပင်တွေကို မီဇိုရမ်မှာဖမ်းဆီးရမိ

Releated Post

Photo - Arakan Princess Media

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုးဦးဒဏ်ရာရ

May 21, 2026

နမ္မတူမြို့မှာ ၅နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမယ်

May 21, 2026
ဓာတ်ပုံ-ဆိုင်တွလ်ခရိုင်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ သိန်း ၁ သောင်းခွဲကျော်တန်ဟီးရိုးအင်းတွေနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ

May 21, 2026

မလေးရှားမှာခရီးသည်တင် အဝေးပြေးဘတ်စ်ကားတစီး မီးလောင်ပြီးတိမ်းမှောက်

May 21, 2026

အမေရိကန်ကအပစ်ရပ်ဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးကအီရန်နဲ့ စစ်ပြန်စချင်နေ

May 21, 2026

မြန်မာမှ စက်လှေနဲ့မှောင်ခိုသွင်းလာတဲ့ အန်ချီရီဆေးဖက်ဝင်အပင်တွေကို မီဇိုရမ်မှာဖမ်းဆီးရမိ

May 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page