Border News Agency
တနင်္သာရီ၊ မေ ၁၈။
တနင်္သာရီမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA )တပ်မဟာ၄တပ်ရင်းဆီကို အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်လာခဲ့ပါတယ်။
အဲဒီအလင်းဝင်လာသူနှစ်ဦးဟာ ဧပြီလ ၂၄ရက်နေ့ကKNLA တပ်ရင်း ၁၁နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်လာခဲ့ကြတာပါ။
သူတို့ဟာအာဏာသိမ်းစစ်တပ်ရဲ့ ခမရ၂၂၄ က တပ်သားတွေဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ၄၊ တပ်ရင်း၁၁နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီကို လက်နက်မဲ့ဘက်ပြောင်းခိုလှုံခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို တနင်္သာရီမြို့နယ်အတွင်းရှိ KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး သူတို့ရဲ့လုံခြုံရေးနဲ့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း အာဏာသိမ်းစစ်တပ်အတွင်းမှာ ဆက်လက်တိုက်ပွဲဝင်လိုစိတ်မရှိတော့တဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အချိန်မီခိုလှုံကြဖို့ စဉ်ဆက်မပြတ်ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
အခုလိုတပ်သားတွေ ဆက်တိုက်အလင်းဝင်လာတာဟာ မြေပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးအရစိတ်ဓာတ်ပျက်ပြားနေမှုကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတနင်္သာရီတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်က မြေပြင်စစ်ကြောင်းတွေ ဆုံးရှုံးနေတာကြောင့် လေကြောင်းအင်အားကိုသာ အားကိုးနေရပြီး စစ်တပ်အတွင်းမှာလည်း တပ်ပြေးနဲ့အလင်းဝင်သူအရေအတွက်ဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။










