Border News Agency
လေးတောင်၊ ဇွန် ၅။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို အာဏာသိမ်းစစ်တပ်မှအသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လေးတောင်မြို့နယ်၊စပါးတုံရွာကို ဇွန်လ ၄ ရက်၊ ညနေ ၃ နာရီ ၁၆ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်မှ အသေခံဒရုန်းနှစ်စီးနဲ့နှစ်ကြိမ်ထိတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စပါးတုံရွှာမှ ဦးကျော်မင်းထွန်းပိုင်ဆိုင်တဲ့ နွားမတကောင်သေဆုံးခဲ့ပြီး တကောင်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်အတွင်းရှိ ကြောင်ချတွင်းစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ မြို့၊ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီး လေကြောင်း၊ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာတွေကိုနေ့စဉ်ပြုလုပ်လာနေတာကြောင့် အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။









