Border News Agency
မြောက်ဦး၊ဇွန် ၅။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။
ခ.၅။နိုင်ငံတော်အဆင့် ဝင်ရောက်စွက်ဖက်မှုတွင် မြေယာနှင့်ပဋိပက္ခသက်ဆို င်သောအချက်ကို ထည့်သွင်းခြင်း။
- ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ဒုက္ခသည်များအရေးတွင် မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားခြင်း။
- ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ဒုက္ခသည်များ၏ ဖြစ်တည်ရာအခြေအနေကိုလိုက်၍သတ်မှတ်ကာလအတွင်း ရ လဒ်များပေါ်အောင်ဆောင်ရွက်ရာတွင် အောက်ပါအချက်များပါဝင်သင့်သည်။
- နိုင်ငံအဆင့်၊တပြည်လုံးအဆင့်မြေနှင့်ဆက်စပ်သောအခွင့်အရေးများအား ပြန်လည်ဖော်ဆောင်ပေးရန် ဥပဒေ၊မူဝါဒ၊လုပ်ထုံးလုပ်နည်းများကိုခိုင်မာအား ကောင်းစေရမည်ဖြစ်သည်။
- မြေယာလျှော်ကြေး၊နစ်နာကြေးနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများအပေါ်အလေးထားမှုရှိစေရမည်ဖြစ်သည် ။
- ပလပ်မြေများကို ဥပဒေမဲ့သိမ်းယူထားခွင့်နှင့်ပတ်သက်၍အငြင်းပွားမှုများကိုဖြေရှင်းရန် အစီအမံများရှိစေရမည်ဖြ စ်သည်။
-နေရာပြောင်းရွေ့ရခြင်းနှင့်ပတ်သက်၍ မြေယာစီမံခန့်ခွဲမှုတွင် လက်ငင်းဆော င်ရွက်နိုင်သောအစီအမံများရှိစေရမည်ဖြစ်သည်။
- မြေယာအခွင့်အရေးနှင့်ပတ်သက်၍တ ရားမျှတမှုကိုရရှိရန် တရားစီရင်ရေးယန္တရားများကို တောင်းဆိုနိုင်သောအစီအမံများရှိစေရမည်ဖြစ်သည်။
- မြေယာအခွင့်အရေးကိုပြန်လည်ရရှိရ န်အထောက်အကူဖြစ်စေသော ဥပဒေကြောင်းအရအကျုံးဝင်သော မြေယာမှတ်ပုံတင်အချက်အလက်များထုတ် ပေးသော ယန္တရားများကြားတွင် ပေါင်းစပ်ဆောင်ရွက်နိုင်သောအစီအမံများရှိစေရမည်။
-နေရပ်စွန့်ခွာအမျိုးသမီးများအတွက် မြေယာအထောက်အထားများပေးနိုင်သောအစီအမံများရှိစေရမည်။
- လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသောနေရာများတွင် မြေယာကိစ္စရပ်အားထည့်သွင်းစဉ်းစားခြင်း။
- လက်နက်ကိုင်များထိန်းချုပ်ထားသော နေရာများရှိနေရပ်စွန့်ခွာသူများတွင် မြေယာကိစ္စရပ်နှင့်ပတ်သက်၍ တရားမျှတမှုကို တောင်းဆိုခွင့်ရှိစေရမည်ဖြစ်သည်။
နိုင်ငံတကာစံနှုန်းများမှ သွယ်ဖယ်သော ဥပဒေများ၊လုပ်ကိုင်ဆောင်ရွက်နေသည့်ပုံစံများကိုလည်း ပြန်လည်သုံး သပ်ကာ ခွဲခြားဆက်ဆံမှုများမှ လွတ်ကင်းစေရမည်ဖြစ်သည်။
နယ်မြေလွတ်လပ်သွားသည့်အခါဒေသဆိုင်ရာမြေယာအချက်အလက်များကိုမြန်နိုင်သမျှမြန်ရန် ကောက်ယူရမည်ဖြစ်သည်။
မှတ်ပုံတင်ထားသော ပိုင်ဆိုင်မှုများကို လက်ပြောင်းလက်လွှဲရောင်းဝယ်ခြင်းများအား ထိန်းချုပ်ထားရမည်ဖြစ်သ ည်။
လုံလောက်သောလုပ်ထုံးလုပ်နည်းဥပ ဒေများရှိနေရမည့်အပြင်နယ်မြေသို့ပြန်လာသူများအတွက် အထောက်အပံ့ပြုသည့် ယန္တရားလုပ်ငန်းစဉ်များလည်းရှိရမည်ဖြစ်သည်။
ပလပ်ခံရသလိုဖြစ်နေသော၊ပလပ်မြေဟုထင်စရာရှိသော မြေများသည် သွေး ရိုးသားရိုးပလပ်ခံရခြင်းမဟုတ်ဘဲ စစ် ပွဲ၊ပဋိပက္ခကြောင့်ဖြစ်လာသော ပလပ်မြေ(Forcibly Abandoned Lands)များသာဖြစ်သည်။
ထိုမြေများအတွက်သက်သေအထောက်အထားဆိုင်ရာစံနှုန်းများကိုလည်း ပြဋ္ဌားန်းနိုင်ရမည်ဖြစ်သည်။
- အခြားနယ်ပယ်များတွင် မြေယာကိစ္စရပ်အားထည့်သွင်း စဉ်းစားခြင်း။
- မြေယာသတင်းအချက်အလက် စီမံခန့်ခွဲမှုကိစ္စရပ်များ…။
ကုလသမဂ္ဂနှင့်ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်းများသည်မြေယာနှင့်ပဋိပက္ခနယ်ပယ်အား ကိုင်တွယ်ရသောအခါ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ဦးတည်ချက်များအတွက် သတင်းအချက်အလ က်စနစ်များကို ဖန်တီးရမည်ဖြစ်သည်။
အသိအမြင်ဗဟုသုတများ၊သတင်းအ ချက်အလက်များ၏လာရာမူရင်းအခြေခံများ၊နယ်မြေဆိုင်ရာအပိုင်းအကန့်လို က်အချက်အလက်(Geo-spatial Data) များ၊နိုင်ငံရေးအရစေ့စပ်ညှိုနှိုင်းမှုများတိုးတက်စေရန်လိုအပ်ချက်များ၊အစီ အစဉ်များ၊ပြန်လည်တင်ပြမှုများအား အပြန်အလှန်ဖလှယ်နိုင်ရမည်ဖြစ်သ ည်။
SDGအညွှန်းများကိုအသုံးပြု၍အချက် အလက်ကောက်ယူမှုများ၊လုပ်ငန်းဖော်ဆောင်နေသောနေရာများနှင့်ပဋိပက္ခတ ည်ရှိရာနေရာများတွင်သုံးစွဲနေသည့် န ည်းလမ်းများ၊နိုင်ငံများကို အထောက်အကူပြုရန် အလွတ်သဘောတပြည်လုံးဆိုင်ရာသုံးသပ်ချက်များကိုလည်းအထောက်အကူပြုနိုင်ရမည်ဖြစ်သည်။
- မြေယာမူဝါဒ၊မြေယာစီမံခန့်ခွဲမှု၊မြေယာပြုပြင်ပြောင်းလဲမှု၊အငြင်းပွားခြင်းအားဖြေရှင်းမှုနှင့်အရည်အသွေးတိုးတက်စေရန်အားထုတ်ကိစ္စရပ်များ…။
မြေယာမူဝါဒအပါအဝင်ဤခေါင်းစဉ်ငယ်တွင်ပါရှိသောအချက်များသည်ပဋိပက္ခသံသရာကို ဝင်ရောက်၍ကိုင်တွယ်ရန်အစီအစဉ်များရေးဆွဲခြင်း၊နိုင်ငံရေးဆိုင်ရာညှိနှိုင်းခြင်းများအတွက်ထိတွေ့ရမည်အဓိကအစိတ်အပိုင်းများဖြစ်သည်။
ဆန်ကျင့်ဘက်အုပ်စုများကြားတွင် ဝင်ရောက်ညှိနှိုင်းရန် ရည်ရွယ်ချက်အရလည်းကောင်း၊ပဋိပက္ခများကို ကြိုတင်တားဆီးရန်လည်းကောင်းဆောင်ရွက်နေသော တပြည်လုံးအဆင့်၊နယ်မြေအဆင့်များတွင် မူဝါဒပိုင်းဆိုင်ရာတိုးတ က်မှုနှင့်မြေယာမှုဝါဒဖြစ်စဉ်များအား ကောင်းလာရန်အတွက် ကုလသမဂ္ဂသည်အပံ့အပိုးပေးရမည်ဖြစ်သည်။
- နိုင်ငံတခုအတွင်းရှိ အစိုးရ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်၎င်းနိုင်ငံထဲရှိ နိုင်ငံတကာအဖွဲ့အစည်းများ၏အခန်းကဏ္ဍကိစ္စရပ်များ…။
တပြည်လုံးအတိုင်းအတာဖြင့် အလုပ်လုပ်နေကြသောအစိုးရ၊လူမှုအခြေပြုအသိုက်အဝန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ပဋိပက္ခအပေါ်လိုက်လျောညီထွေရှိသော ဦးတည်ချက်များချမှတ်နိုင်ရန် အထောက်အကူပေးရမည်ဖြစ်သည်။
ဦးတည်ချက်များနှင့်အံဝင်ဆီလျှော်သောမြေယာစီမံခန့်ခွဲမှုဖြစ်စေရန်၎င်းတို့၏မြေယာဥပဒေပြဌာန်းမှုတွင် လူ့အခွင့်အရေးစံနှုန်းများလည်းပါဝင်ရမည်ဖြစ်သည်။
နိုင်ငံများသည် ၎င်းတို့၏မြေယာစီမံခန့်ခွဲရေးယန္တရားများသည် လူထုအတွက် အကျိုးရှိထိရောက်မြန်ဆန်သောရလဒ်များကို ပေးစွမ်းနိုင်ရန် အားထုတ်သင့်သည်။
ပြန်လည်နေရာချထားရေးနှင့်စည်းမျ ဉ်းဥပဒေအတိုင်းဆောင်ရွက်မှုမှန်ကန်စေရေးအတွက် မြေကိစ္စရပ်များတွင် ပြင်ဆင်သင့်သည်။
ဥပဒေကြောင်းတရပ်ရပ်အရ မြေယာအားပိုင်ဆိုင်၊လုပ်ကိုင်၊အသုံးချ၊ရရှိခွင့်များအား အကာအကွယ်ရှိစေရန် အရှိန် အဟုန်ဖြင့် လုပ်ဆောင်သင့်သည်။
အငြင်းပွားမှုအားဖြေရှင်းပေးခြင်းနှင့် ဥပဒေကြောင်းတရပ်ရပ်အရ ပိုင်ဆိုင်လုပ်ကိုင်အသုံးချရရှိခွင့်များမှာ အစောဆုံးဆောင်ရွက်ရမည့်အရာများဖြစ်သ ည်ကိုလည်း အလေးထားသင့်သည်။
နေရာရွေ့ပြောင်းရသည့်အခါ ဖြစ်ပေါ် လာနိုင်သောအခွင့်အရေးချိုးဖောက်မှုများ၊ပဋိပက္ခများကိုလည်း လူထုအတွ က် ကြိုတင်ကာကွယ်သော အစီအမံများလည်းရှိရမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။






