Border News Agency
ဆော၊ ဇွန် ၁၀။
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ထဲက ဆော – လောင်းရှည်နဲ့ ဆော – ကျောက်ထု လမ်းပိုင်းတွေ၊ အဲဒီနားကတောတောင်တွေထဲကို ဖြတ်သန်းသွားလာတာမျိုး လုံးဝမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း ၃ က ဇွန်လ ၉ ရက်၊ မနေ့က အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီဆောမြို့နယ်ထဲ စစ်ရေးအရ တင်းမာနေသလို အာဏာသိမ်းစစ်တပ်ကလည်း အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့်ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ နီးကပ်စွာ နေထိုင်တာ၊ သူတို့နဲ့အတူ လိုက်ပါသွားလာတာမျိုး လုံးဝမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
အဲဒီလမ်းပိုင်းတွေကို တပ်ရင်း ၃ ဘက်ကနေ တရားဝင် ပြန်လည်ခွင့်ပြုကြောင်း မကြေညာမချင်း ဘယ်သူမှမသွားကြဖို့နဲ့ တားမြစ်ချက်ကို မလိုက်နာလို့ ဖြစ်လာမယ့် အန္တရာယ်တွေအတွက် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။










