Border News Agency
ကျောက်တော်၊ဇွန် ၁၆။
အာရက္ခဒေသမှာရှိတဲ့ အလှကုန်အရောင်းဆိုင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ရေးဌာနခွဲ့ (FDA)ကကွင်းဆင်းစစ်ဆေးနေပါတယ်။
အဲဒီကျောက်တော်မြို့ စျေးကြီးထဲက ဆိုင် ၁၅ ဆိုင်ကိုဇွန်လ ၁၃ ရက်နေ့က စစ်ဆေးခဲ့ရာမှာ သုံးစွဲဖို့မသင့်တော်တဲ့ဆိုင် ၁၀ ဆိုင်နဲ့ သက်
တမ်းကုန်ပစ္စည်းရောင်းချနေတဲ့ ဆိုင် ၁ ဆိုင်ကို တွေ့ရှိခဲ့ရပါတယ်။
FDA က အဲဒီပစ္စည်းတွေကို သိမ်းဆည်းပြီး ဆိုင်ပိုင်ရှင်တွေကို ခံဝန်ထိုးခိုင်းထားသလို နောက်ထပ် မရောင်းချဖို့လည်း သတိပေးထားပါတယ်။
ဒါ့အပြင် အသုံးများတဲ့ အလှကုန် ၄ မျိုးကိုလည်း ဓာတ်ခွဲစစ်ဆေးဖို့ နမူနာယူသွားပါတယ်။
အခုဆိုရင် အာဆီယံနိုင်ငံတွေမှာ တားမြစ်ထားတဲ့ အလှကုန် ၂၉ မျိုး မြန်မာပြည်ကနေတဆင့် အာရက္ခဘက်ကို ရောက်လာနိုင်တာကြောင့် ပြည်သူတွေ အထူးသတိထားဖို့ FDA က တိုက်တွန်းထားပါတယ်။
အဲဒီအလှကုန်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားရောဂါကနေ ကျောက်ကပ်ပျက်စီးတဲ့အထိ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လို့ဖြစ်ပါတယ်။


















