Border News Agency
ကျောက်တော်၊ဇွန် ၁၇။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ နည်းပညာဌာနက စတားလင့်(Starlink) အင်တာနက်အသုံးပြုခွင့် လစဉ်ကြေးကို ဆယ်သိန်းသိန်းကျပ်မှခြောက်သိန်းကျပ်ထိ လျှော့လိုက်ပါတယ်။
အဲဒီလိုလျှော့ချပေးလိုက်တာဟာ ပြည်သူတွေအင်တာနက်ကို ပိုအဆင်ပြေပြေ သုံးစွဲနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တ ယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရရဲ့အာရက္ခမင်းသမီးမီဒီယာမှာဖော် ပြထားပါတယ်။
”စတင်ဆောင်ရွက်တုန်းကဆယ်သိန်းနှုန်းနဲ့ကောက်ခံခဲ့တာပါ။အခုတော့ ပြည်သူတွေပိုပြီးသုံးနိုင်အောင်ခြောက်သိန်းအထိ ဈေးလျှော့ပေးလိုက်တာပါ၊”လို့ နည်းပညာဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီဈေးနှုန်းလျှော့ချပေးတဲ့အပြင် Class A လိုင်စင်အတွက် တနှစ်စာလိုင် စင်ကြေးနဲ့စပေါ်ငွေတွေကိုလည်း သတ် မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ဌာနအနေနဲ့လည်း နောင်လာမယ့် ကာလတွေမှာ ပြည်သူတွေအတွက် ပိုသက်သာအောင် ထပ်လျှော့ပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
”Class A က လုပ်ငန်းလိုအပ်ချက်တွေ၊ မိသားစုရဲ့ ပညာရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေအတွက် အဆင်ပြေအောင် စီစဉ်ပေးထားတာပါ။ဒါကို အခကြေးငွေယူပြီး စီးပွားဖြစ် ရောင်းချခွင့်တော့ မရှိပါဘူး၊” လို့ သူက ရှင်းပြပါတယ်။
အာရက္ခပြည်တွင်း အင်တာနက်လိုင်းတွေ ပုံမှန်ရရှိဖို့နဲ့ စနစ်တကျသုံးစွဲနိုင်ဖို့ အာရက္ခအစိုးရရဲ နည်းပညာဌာနက ကြီးကြပ်ဆောင်ရွက်နေပါတယ်။
အင်တာနက်နဲ့ ပတ်သက်ပြီး သိလိုတာတွေရှိရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနဲ့ နည်းပညာဌာနတွေမှာ သွားရောက်စုံစမ်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။










