Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဓာတ်ပုံသတင်း နိုင်ငံရေး သတင်း

တောင်တွင်းကြီး-အောင်လံလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်ကားတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါအဝင် ၄ ဦး သေဆုံး

ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန

ဓာတ်ပုံ - နေပြည်တော်တိုင်းစစ်ဌာန

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
မကွေး၊​ဇွန် ၁၇။

​မကွေးတိုင်း၊တောင်တွင်းကြီးမြို့နယ်နဲ့ အောင်လံမြို့နယ်အစပ် ရန်ကုန်-ပြည်လမ်းမကြီးပေါ်မှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်နှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဇွန်လ ၁၆ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။

အဲဒီတောင်တွင်းကြီးမြို့နယ်၊ဆတ်သွားကျေးရွာဘက်ကလာတဲ့ အာဏာသိမ်းစစ်တပ်ကားတစီးကို ​ဇွန်လ ၁၅ ရက်၊မနက် ၈ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်မှာပါတဲ့ ဗိုလ်ကြီး စောသန်းထွန်း အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။

အဲဒီအပြင် တော်လှန်ရေး​တပ်ဖွဲ့ဝင်တွေကကားကို မီးရှို့ဖျက်ဆီးပြီး လက်နက်သိမ်းနေချိန်မှာပဲ အောင်လံဘက်ကနေ မောင်းနှင်လာတဲ့ နောက်ထပ်ကားတစီးကို စစ်ဆေးဖို့ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကားဟာ မရပ်တန့်ဘဲ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ ဗိုလ်အဆင့်ရှိသူ ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

အဲ​ဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဆီက MA-3 သေနတ် ၁ လက်၊ G-3 သေနတ် ၁ လက်၊ MA-5 သေနတ် ၁ လက်နဲ့ ကျည်ဆန်၊ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

PrevPreviousစတားလင့်အင်တာနက်လစဉ်ကြေးကို အာရက္ခအစိုးရခြောက်သိန်းထိလျှော့
Nextအာရက္ခဒေသတချို့မှာ အင်တာနက်အသုံးပြုမှု လုံခြုံရေးအရ ကန့်သတ်Next
Previous Post

စတားလင့်အင်တာနက်လစဉ်ကြေးကို အာရက္ခအစိုးရခြောက်သိန်းထိလျှော့

Next Post

အာရက္ခဒေသတချို့မှာ အင်တာနက်အသုံးပြုမှု လုံခြုံရေးအရ ကန့်သတ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ -​ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ခင်ဦးမှာ မူးမြစ်ရေပြန်ကျပေမယ့် ရေဘေးရှောင်တွေ အကူအညီလိုအပ်နေဆဲ

August 10, 2026
ဓာတ်ပုံ -​ CIB

အယုဒ္ဓယမှာမြန်မာလေးဦးနဲ့ ထိုင်းယာဉ်မောင်းတဦး ဖမ်းဆီးခံရ

August 10, 2026

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

August 10, 2026

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

ခင်ဦးမှာ ရေဘေးသင့်ကျေးရွာတဆယ့်ကိုးရွာ အကူအညီလိုအပ်နေ

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

Releated Post

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

August 10, 2026

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

August 9, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

August 9, 2026
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ခင်ဦးမှာ ရေဘေးသင့်ကျေးရွာတဆယ့်ကိုးရွာ အကူအညီလိုအပ်နေ

August 9, 2026

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

August 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page