Border News Agency
နေပြည်တော်၊ဇွန် ၁၈။
သမ္မတတုမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့ကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်မှာ ဇွန်လ ၁၇ ရက်နေ့က ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ရှန်ဟိုင်းမြို့တော်ဝန်က သူတို့မြို့ကို နိုင်ငံတကာ စီးပွားရေး၊ ငွေကြေးနဲ့ သိပ္ပံနည်းပညာဗဟိုချက်အဖြစ် တည်ဆောက်နေတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံရဲ့ သယံဇာတ ပေါကြွယ်ဝမှုကို အကြောင်းပြပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို ပိုပြီးမြှင့်တင်ဖို့အတွက်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။













