Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် စစ်ရေး စီးပွားရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

ရခိုင်လူမှုစီးပွားဘဝအကျပ်အတည်းနှင့်ထောက်ခံစာပြဿနာ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၁၈။

“ရခိုင်ပြည်နယ်ရှိ မိသားစုများစွာသည် ဘေးကင်းလုံခြုံမှုနှင့်အကာအကွယ်ရရှိနိုင်မှုအတွက် မသေချာမရေရာမှုများနှင့်ရင်ဆိုင်နေရဆဲဖြစ်သည်။”ဟု UNHCR က ဇွန်လ ၆ ရက်နေ့ဖော်ပြချက်တွင် ရေးသားထားသည်။

“ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသော မိသားစုများ၏နေ့စဉ်ဘဝများမှာမသေ ချာမှုများရှိပြီး အခြေခံဝန်ဆောင်မှုများအား လက်လှမ်းမမီသည့်အခက်အခဲများကို ရင်ဆိုင်နေရသည်။ထိုနေရပ်စွန့်ခွာသူများမှာအခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရာတွင် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။”ဟုလည်း UNHCRက မေလ ၁ ရက်နေ့ဖော် ပြချက်တွင် ရေးသားထားသည်။

အထက်တွင်ဖော်ပြထားသော အချက်များသည် ၂၀၂၆ ခုနှစ်တွင် UNHCR ၏ထုတ်ပြန်ချက်များဖြစ်သည်။

“နေရပ်စွန့်ခွာရသောအခြေအနေများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လိုအပ်ချက်များ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး အထိခိုက်ဆုံးသူများအားအကူ အညီများမျှတစွာ အချိန်မီရောက်ရှိနိုင်ရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာအကူ အညီများ ပုံမှန်ဆက်လက်ပေးအပ်နိုင်ရေးက အလွန်အရေးကြီးနေသည်။”ဟု မေလ ၁ ရက်နေ့ဖော်ပြချက်တွင် UNHCR ဆိုထားသည်။

ရခိုင်ဒေသတွင် အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဆက်လက်မြင့်မားနေပြီး လူသားချင်စာနာမှုဆိုင်ရာအကျပ် အတည်းများရှိနေပါသည်။

ထိုသို့ရိုက်ခတ်မှုမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ၊စစ်ဘေးရှောင်များ၊ကလေး သူငယ်များ၊သက်ကြီးရွယ်အိုများ၊ကို ယ်ဝန်ဆောင်အမျိုးသမီးများနှင့်အမျိုး သမီးများအပေါ် ဆိုးဝါးစွာသက်ရော က်နေသည်။

ကူးလူးသွားလာခွင့်နှင့်အခြေခံစားဝတ်နေရေးလိုအပ်ချက်

ရခိုင်ဒေသ၌ကူးလူးသွားလာခွင့်မှာများ စွာထိန်းချုပ်ကန့်သတ်တားမြစ်မှုအော က်တွင်ရှိနေသည်။

အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေများနှင့်အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေများကို အပြန်အလှန်ကူးလူးသွားလာဖို့မလွယ်ကူကြပေ။

ထိုနယ်မြေနှစ်ခုအတွင်အပြန်အလှန်သွားလာခွင့်သာမက နယ်မြေတခုခုထဲတွင်လည်း သွားလာခွင့်မလွယ်ကူကြပေ။

စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာအကြောင်း ပြချက်များဖြင့် ပြည်သူလူထု၏ကူးလူးသွားလာမှုများကို ဘက်အသီးသီးက ကိုယ်စီအထိုင်များဖြင့် ကန့်သတ်ပိတ်ပင်တားမြစ်ထားကြသည်။

လူ့သဘာဝအရ စားဝတ်နေရေးအတွက်ကူးလူးသွားလာရန်လိုအပ်သည်။ကူး လူးသွားလာခွင့်အား ကန့်သတ်လိုက်ပါက စားဝတ်နေရေးအကျပ်ဆိုက်လာတော့သည်။

ရခိုင်ပြည်ပြင်ပသို့ သွားလာခွင့်

ရခိုင်ဒေသ၏နယ်မြေအများစုကို အာရက္ခတပ်တော်ထိန်းချုပ်ထားပြီဖြစ်သ ည်။

အာရက္ခတပ်တော်၏အမျိုးသားကာ ကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision-NDEP)မူဝါဒနှင့်ကိုက်ညီသောသူများကို ရခိုင်ပြည်ပြင်ပထွက်ခွာခွင့်ကို ULA/AA မှပိတ်ပင်တားမြစ်ထားသည်။

ဤတွင် အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision-NDEP)မူဝါဒနှင့်ကိုက်ညီသူ များကိုသာ ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ထားပြီး ထိုမူဝါဒနှင့်မသက်ဆို င်သောသူများမှာ ရခိုင်ပြည်ပြင်ပသို့ထွက်ခွာခွင့်ရှိသလားဟု ဆိုပြန်လျှင်လ ည်း ထိုသို့မဟုတ်ပြန်ပေ။

အာရက္ခတပ်တော်ထိန်းချုပ်ဧရိယာအ တွင်းသွားလာခွင့်

ရခိုင်ပြည်ပြင်ပထွက်ခွာခွင့်အား ပိတ်ပင်တားမြစ်ထားပါက အာရက္ခတပ်တော်ထိန်းချုပ်ဧရိယာအတွင်းတွင် တမြို့နယ်နှင့်တမြို့နယ်၊တနေရာနှင့်တနေရာ လွတ်လွတ်လပ်လပ်သွားလာ၍ ရပါသလား ဆိုပါကလည်း ထိုသို့မဟုတ်ပြန်ပေ။

အာရက္ခတပ်တော်ထိန်းချုပ်ဧရိယာအတွင်းတွင်ပင် ကူးလူသွားလာခွင့်မှာ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာအမြင်အရ မည်သူမဆိုကန့်သတ်ခံနေကြရသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများအတွင်းသွားလာမည်ဆိုပါက ထော က်ခံစာယူနေကြရသည်။

ထိုထောက်ခံစာတွင်”ခရီးသွားမည့်ရက်ကာလအပိုင်းအခြား”ကို ကန့်သတ်ထားသည်။

ရခိုင်လူထုရင်ဆိုင်နေရသော ကူးလူးသွားလာမှုဆိုင်ရာအကျပ်အတည်းများ

ရခိုင်ဒေသ၏လူသားချင်းစာနာမှုဆိုင် ရာအကျပ်အတည်းမှာ ရေရှည်ဖြစ်နေအုံးမည့်သဘောရှိသည်။

ထိုအကျပ်အတည်း၏ထွက်ပေါက်မှာ နိုင်ငံရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မှသာ လမ်းစရှိလာမည်ဖြစ်သည်။

  • ပြည်မဘက်မှကုန်စည်များကို အာဏာသိမ်းစစ်တပ်မှပိတ်ပင်တားမြစ်ထားမှု။
  • ULA/AA အခွန်အခဝန်ထုတ်ဝန်ပိုး ဖြစ်မှု။
  • စစ်တပ်ရော ULA/AA ပါ ကူးလူးသွားလာမှုအပေါ် ပိတ်ပင်ထားမှု။
  • သာမန်လူတန်းစားများ လက်လှမ်းမှီသောကုန်သွယ်ရေးမရှိမှု။
  • ကုန်စျေးနှုန်းကြီးမြင့်မှု။
  • ရှိရင်းစွဲအိမ်တွင်း စီးပွားရေးလုပ်ငန်းများ၊စိုက်ပျိုးရေး၊မွေးမြူရေး၊ငါးလုပ်ငန်းများကို လည်ပတ်နိုင်ရန် ခက်ခဲမှု စသည့်အချက်များက လက်ရှိတွင် ရခိုင်လူထုရင်ဆိုင်နေရသော လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများကို ဖြစ်စေသည်။

ထိုအကျပ်အတည်းများက ပြည်တွင်းနေရပ်စွန့်ခွာသူများ၊စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အမျိုးသမီးများအပေါ်ဆိုးဝါးစွာ ရိုက် ခတ်လာပြီး အာဟာရမလုံလောက်မှု၊ ပညာရေး၊ကျန်းမာရေး၊လူမှုရေး စသည့်အချက်များကိုပါ ထိခိုက်လာသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision-NDEP)မူဝါဒအရ ခြွင်းချက်အခွင့်အရေးကိုရသူများ၊အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision-NDEP)မူဝါဒထဲမှလွတ်ကင်းသူများ၊ပြည်တွင်းနေရပ်စွန့်ခွာသူများ၊စစ်ဘေးရှောင်များ၊ကလေးသူငယ်များ ၊သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အမျိုးသမီးများနှင့်ပတ်သက်၍ အာရက္ခတပ်တော်ထိန်း ချုပ်နယ်မြေများထဲတွင် တနေရာမှတနေရာသို့ စားဝတ်နေရေးအတွက် ကူးလူးသွားလာမှုအပေါ် ဖြေလျော့ပေးရန်လိုအပ်သည်။

မိမိ၏ထိန်းချုပ်နယ်မြေထဲတွင် ထိုသူများ ဝမ်းရေးကို ဖြေရှင်းရန် သွားလာမှုအပေါ် ဖြေလျော့ခြင်းမှာ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များကိုလည်း မထိခိုက်ပေ။

တောင်းရမ်းစားသောက်နေရသူများပင် ထောက်ခံစာယူနေရ

ပြည်တွင်းနေရပ်စွန့်ခွာသူများ၊စစ်ဘေးရှောင်များ၊ကလေးသူငယ်များ၊သက် ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်အမျိုး သမီးများနှင့်အမျိုးသမီးများသည် စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးခက်ခဲကာ လူသားချင်းစာနာမှုဆိုင် ရာအကျပ်အတည်းဆိုက်နေသောသူ များထဲတွင်”အလှူခံစားသောက်နေကြရသည့်ဘဝများ”ရှိလာသည်။

ထိုသူများ တနေရာမှတနေရာသို့ သူတပါး၏ပေးစာကမ်းစာကိုရှာရန် သွားလာ မှုတွင်ပင် ထောက်ခံစာဖြင့် တင်းကျပ်မှုရှိနေသည်။

ကျန်းမာရေးအတွက်သွားလာခွင့်မရ၍အသက်ဆုံးရှုံးမှုရှိ

ကျန်းမာရေးပြဿနာများကြောင့် ရခိုင်ပြည်ပြင်ပသို့ သွားရောက်ဆေးကုသခွင့်မှာအမျိုးသားကာကွယ်ရေးဆိုင်ရာအ ရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision-NDEP)နှင့်ဆက်စပ်သော ခြွင်းချက်ဖြစ်သည်။

သို့ရာတွင် ထောက်ခံစာ ကန့်သတ်ချက္များကြောင့် ရခိုင်ပြည်ပြင်ပသို့သွား လာခွင့်မရလိုက်ဘဲ ဆေးဝါးကုသခွင့်ဆုံးရှုံးကာ အသက်သေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်း မြေပြင်တွင်ရှိနေသ ည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးရှိ ဒေသခံပြည်သူများ၊ပြည်တွ င်းနေရပ်စွန့်ခွာသူများ၊စစ်ဘေးရှောင်များ၊ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အမျိုးသမီးများ ထဲမှကျန်းမာရေးမကောင်းသူများအပေါ် သွားလာမှုဖြေလျော့ခြင်းက စစ်ရေးနှင့်လုံခြုံရေးဆိုင် ရာအစီအမံများကို ထိခိုက်မည်မဟုတ်ပေ။

ထိုထောက်ခံစာ တင်းကျပ်မှုများအား ဖြေလျော့ပေးလျှင်တောင်မှအာရက္ခတပ်တော်ထိန်းချုပ်နေရာတွင် လူထု၏ စားဝတ်နေရေးအခက်အခဲနှင့်လူသားချင်းစာနာမှုအကျပ်အတည်းပျောက်သွားမည်မဟုတ်ပေ။

သို့ရာတွင် လူထုမှာ မိမိတို့အသက်ရှင်ရပ်တည်ရေး၊စားဝတ်နေရေးအတွက် ကူးလူးသွားလာခွင့်ရှိလာမည်ဖြစ်သည် ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ကိုယ်တိုင်ထိန်းချုပ်ထားသောနေရာများအတွက် လိုအပ်သောစစ်ရေးနှင့်လုံခြုံရေးဆိုင်ရာအကောင်အထည် ဖော်မှုများရှိနေလျှင်ပင် လူထုအပေါ် ထိခိုက်နိုင်မှုနည်းအောင် စီမံခန့်ခွဲရမည်ဖြ စ်သည်။

လက်နက်ကိုင်များထိန်းချုပ်နယ်မြေများအတွင်း ဒေသခံပြည်သူလူထုသွား လာခွင့်အပေါ် ထောက်ခံစာဖြင့် တင်းကျပ်နေခြင်းသည် စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာအကောင်အထည်ဖော်မှုကြောင့်ဖြစ်သည်။

ထိုအကောင်အထည်ဖော်မှုကြောင့် လူထုအပေါ် ထိခိုက်မှုရှိလာလျှင် အုပ်ချုပ်သူသည် ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။

ထိုသို့သုံးသပ်လိုစိတ်မရှိဘဲ အာဏာဖြင့်အကောင်အထည်ဖော်မှုတွင်သာ လူ ထုအတွက် ဖိအားသဘောဆောင်နေပါက လူထုအတွက် ဘူးလေးရာဖရုံဆင့်ခံရရုံမှလွှဲ၍ အသက်ရှုပေါက်လည်း ရှိတော့မည်မဟုတ်တော့ပေ။

ကိုးကား…

  • https://www.facebook.com/share/p/18gRbyRkgh/
  • https://www.facebook.com/share/p/18xTvQFJ9h/
PrevPreviousမဏိပူရမှာ လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦး ဖမ်းမိ
Nextဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်နှင်းဆီလှုပ်ရှားမှုဆင်နွှဲမယ်Next
Previous Post

မဏိပူရမှာ လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦး ဖမ်းမိ

Next Post

ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်နှင်းဆီလှုပ်ရှားမှုဆင်နွှဲမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မဏိပူရမှာ လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦး ဖမ်းမိ

June 18, 2026
ဓာတ်ပုံ-CDF CDM Siyin

အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၄ ဦး CDF CDM Siyin ဆီအလင်းဝင်

June 18, 2026
(ဓာတ်ပုံ-ကျောက်ဖြူမြို့နယ်ရှိတရုတ်စီမံကိန်း/ကိုသောင်းတင်)

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အရှိန်မြင့်ဆောင်ရွက်မယ်လို့ တရုတ်ဆို

June 18, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် တရုတ်တရားဝင်သုံး

June 18, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page