Border News Agency
အိုင်ဇောလ်၊ဇွန် ၁၈။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောမြို့မှာ ဇွန်လ ၁၆ ရက်ညက ဘိန်းဖြူပုလင်း ၃၀ ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအမှုမှာ ပါဝင်တဲ့သူ ၃ ဦးထဲမှာ အိန္ဒိယ-မြန်မာ နယ်စပ် ဇိုခေါသာရ်မြို့မှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ဦး ပါဝင်နေပါတယ်။
သူတို့နဲ့အတူ မီဇိုရမ်ပြည်နယ်သား ၂ဦးကိုလည်း ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ အသုံးပြုတဲ့ ကုန်တင်ကား ၁စီးကိုလည်း သိမ်းဆည်းခဲ့တာပါ။
အခုဖမ်းဆီးခံရသူတွေကို အိန္ဒိယရဲ့ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ဇွန်လ ၁၇ ရက်နေ့မှာပဲ တရားရုံးကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွေမှာ အခုလို မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာကြောင့် အာဏာပိုင်တွေက စစ်ဆေးမှုတွေကို တင်းကျပ်ထားတာလည်း ဖြစ်ပါတယ်။










