Border News Agency
ရွှေဘ်ို၊ဇွန် ၁၉။
ဇွန်လ ၁၉ ရက်၊ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေဘိုမြို့နယ်ပကဖရဲဘော်တွေနဲ့ ဒေသခံတွေဟာ သစ်ပင်စိုက်ပျိုးခဲ့ကြပါတယ်။
သူတို့ဟာ ကျွန်း၊ တမာ၊ နှင်းဆီ အပါအဝင် သစ်ပင်ပန်းမန်မျိုးစုံကို နေရာအသီးသီးမှာ ၈၁ ပင်စီ စုပေါင်းစိုက်ပျိုးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူတွေ အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ရည်မှန်းပြီး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့လည်း သစ္စာပြုထားပါတယ်။
ရွှေဘိုပကဖအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ကို အခြေခံပြီး အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို မလွဲမသွေ တည်ဆောက်သွားမယ်လို့လည်းဆိုပါတယ်။
























