Border News Agency
မန္တလေး၊ဇွန် ၁၉။
ဇွန်လ ၁၉ ရက်၊ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူတွေက နှင်းဆီလှုပ်ရှားမှုကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ပြည်သူတွေအနေနဲ့ နှင်းဆီပန်း ဘုရားတင်တာ၊ကိုယ်တိုင်ပန်ဆင်တာနဲ့ အပြန်အလှန်ဝေငှတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် မိမိတို့ ပန်းပန်ဆင်ထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်တင်ကာ အွန်လိုင်းကမ်ပိန်းအဖြစ် ပါဝင်ခဲ့ကြသလို၊ မြေပြင်သပိတ်တွေမှာလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုထားပါတယ်။

















