Border News Agency
ရနောင်း၊ဇွန် ၁၉။
ထိုင်းနိုင်ငံတောင်ပိုင်း၊ရနောင်းမြို့က နေအိမ်တန်းလျားတွေကို ဇွန်လ ၁၆ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရနောင်းရေကြောင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံရဲ့ လဝကအက်ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရနောင်းမြို့မှာ အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပြီး ဇွန်လ ၉ ရက်နေ့ကလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို နေရာ ၂ ခုခွဲပြီး စစ်ဆေးဖမ်းဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းကလည်း မက်သာဖက်တမင်း မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ရနောင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။













