Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခအစိုးရက လယ်သမားတွေကို မြေဩဇာ ဈေးသက်သာစွာ ရောင်းမယ်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
27
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ဇွန် ၂၇။

​အာရက္ခဒေသက လယ်သမားတွေ စိုက်ပျိုးစရိတ်သက်သာပြီး စပါးထွက်နှုန်းကောင်းမွန်စေဖို့အတွက်ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာတွေကို ဈေးနှုန်းသက်သာစွာနဲ့ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးတော့မယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနကနေ သိရပါတယ်။

​အဲဒီ လယ်သမားတွေဟာ သွင်းအားစုစရိတ် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးနဲ့ရင်ဆိုင်နေရတာကြောင့် အစိုးရကမြေဩဇာတွေကို လယ်သမားတွေလက်ထဲ တိုက်ရိုက်ရောက်အောင် ဂိုဒေါင်ထုတ်ဈေးနှုန်းအတိုင်း စီစဉ်ပေးတာဖြစ်ပြီး အလွယ်တကူ ဝယ်ယူနိုင်ဖို့ ခရိုင်နဲ့ မြို့နယ်အလိုက် သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေကိုလည်း စနစ်တကျ ချမှတ်ထားပါတယ်။

​မြောက်ဦး၊မင်းပြားနဲ့ စစ်တွေခရိုင် အပါအဝင် အခြားခရိုင်၊မြို့နယ်တွေမှာလည်း တူညီတဲ့ဈေးနှုန်းတွေအတိုင်း ဝယ်ယူနိုင်မှာဖြစ်ပြီး အိန္ဒိယ Urea (အဖြူ) တအိတ်ကို ၉၅,၀၀၀ ကျပ်၊အိန္ဒိယ DAP (အမဲ) တစ်အိတ်ကို ဥက္ကဋ္ဌထုတ်ဈေးအတိုင်း ၂၀၀,၀၀၀ ကျပ်နဲ့ သဘာဝမြေဩဇာ (၁၅ ကီလို) တစ်အိတ်ကို ၃၂,၀၀၀ ကျပ် နှုန်းတွေနဲ့ ရောင်းချပေးမှာဖြစ်ကာ ဂိုဒေါင်ကနေ သယ်ယူစရိတ်ကိုတော့ ဝယ်ယူသူဘက်က ကျခံရမှာ ဖြစ်ပါတယ်။

​မြေဩဇာတွေကို လယ်သမားအားလုံး လက်ဝယ်ရရှိစေဖို့အတွက် လယ်သမားတဦးဟာ အိတ် ၁ အိတ်ကနေ ၁၀ အိတ်အထိ ထောက်ခံစာမလိုဘဲ ဝယ်ယူနိုင်ပြီး အိတ် ၁၀ အိတ်ထက်ကျော်ရင်တော့ လယ်သမားဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။

​အဲဒီအပြင် အထူးခံစားခွင့်အနေနဲ့ ရပ်ရွာအလိုက် လယ်သမားတွေစုပေါင်းပြီး အိတ်ရေ ၁၂၀ နဲ့အထက်ဝယ်ယူမယ်ဆိုရင်တော့ စိုက်ပျိုးရေးဌာနခွဲကနေ သယ်ယူစရိတ်အခမဲ့နဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာဖြစ်သလို၊ ငွေကြေးကျပ်တည်းပြီး ရင်းနှီးစရိတ် အခက်အခဲရှိနေတဲ့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမားတွေအတွက်လည်း တလဆိုင်းငံ့ အကြွေးစနစ်နဲ့ ကူညီရောင်းချပေးသွားမယ်လို့ သိရပါတယ်။

PrevPreviousဗင်နီဇွဲလားငလျင်ကြောင့်သေဆုံးသူ ၅၀၀ ကျော်ရှိလာပြီး လူထောင်ချီပျောက်ဆုံးနေဆဲ
Nextအာရက္ခဒေသရှိ တားမြစ်အလှကုန်ရောင်းတဲ့ ဆိုင်တွေကို FDA စစ်ဆေးအရေးယူNext
Previous Post

ဗင်နီဇွဲလားငလျင်ကြောင့်သေဆုံးသူ ၅၀၀ ကျော်ရှိလာပြီး လူထောင်ချီပျောက်ဆုံးနေဆဲ

Next Post

အာရက္ခဒေသရှိ တားမြစ်အလှကုန်ရောင်းတဲ့ ဆိုင်တွေကို FDA စစ်ဆေးအရေးယူ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

August 12, 2026
ဓာတ်ပုံ - ​Al Jazeera

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

August 12, 2026

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

August 12, 2026

အီရန်ဆီကနေထရမ့်နစ်နာကြေး ပြန်တောင်း

August 12, 2026

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

ကိုလံဘီယာမှာ ငလျင်ကြောင့်လူတရာ့သုံးဆယ်ကျော်သေဆုံးပြီးသုံးထောင်နီးပါးပျောက်ဆုံးနေ

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြားလေးသန်းဖမ်းမိ

အီရန်ဆီကနေထရမ့်နစ်နာကြေး ပြန်တောင်း

Releated Post

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

August 12, 2026
ဓာတ်ပုံ - ​Al Jazeera

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

August 12, 2026

ကိုလံဘီယာမှာ ငလျင်ကြောင့်လူတရာ့သုံးဆယ်ကျော်သေဆုံးပြီးသုံးထောင်နီးပါးပျောက်ဆုံးနေ

August 12, 2026

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

August 12, 2026

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြားလေးသန်းဖမ်းမိ

August 12, 2026

အီရန်ဆီကနေထရမ့်နစ်နာကြေး ပြန်တောင်း

August 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page