Border News Agency
မြောက်ဦး၊ ဇွန် ၃၀။
အာရက္ခဒေသက စစ်ရေးပဋိက္ခတွေကြောင့်ခြောက်နှစ်ကြာရပ်နားခဲ့ရတဲ့ ဗုဒ္ဓဓမ္မပရိယတ္တိစာမေးပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ သာသနာရေးပုဂ္ဂိုလ်တွေပူးပေါင်းပြီး ဇွန်လ ၂၄ ရက်ကနေ ၂၉ ရက်အထိ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ပါတယ်။
အဲဒီစာမေးပွဲကို မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနဲ့ တောင်ကုတ်ခရိုင် ၄ ခုမှာ စာစစ်ဌာနများဖွင့်လှစ်ကျင်းပခဲ့တာဖြစ်ပြီး မြောက်ဦးခရိုင်မှာ သံဃာတော် ၆၆ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သာသနာ့အရေးကိုပြန်လည်ဖော်ထုတ်ပေးတဲ့အတွက် အာရက္ခပြည်သူ့အစိုးရနဲ့ ဝိုင်းဝန်းကူညီကြသူအားလုံးကို အထူးကျေးဇူးတင်ဝမ်းမြောက်မိတယ်လို့ မြောက်ဦးမြို့နယ် ရတနာပုံဆရာတော်ကမိန့်ကြားထားပါတယ်။
အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဒေသတွင်းရှိ မတူကွဲပြားတဲ့ဘာသာဝင်အားလုံးကို ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ သာသနာပြုခွင့်ပေးထားမှုအပေါ်ကိုလည်း သံဃာတော်တွေက ကြိုဆိုနေကြပါတယ်။
















