Border News Agency
မောင်တော၊ဇူလိုင် ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ကို ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်နေချိန်မှာအာဏာသိမ်းစစ်တပ်ကလေကြောင်းပစ်ကူတွေပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊ တောင်ပြိုနဲ့မီးတိုက်ကြားကို အကြမ်းဖက်သမားတွေဝင်ရောက်လှုပ်ရှားပြီး ဒေသခံတွေကိုပြန်ပေးဆွဲနေကြတာပါ။
အဲဒါကြောင့်အာရက္ခတပ်တော် နယ်မြေရှင်းလင်းရေးလုပ်တာမို့ အကြမ်းဖက်သမားတွေပြန်ပစ်ပေမယ့် အာရက္ခတပ်တော်ပစ်ခတ်လို့ အကြမ်းဖက်သမားတ ချို့ သေဆုံးခဲ့ပါတယ်။
အဲဒီအကြမ်းဖက်သမားအလောင်းတ ချို့နဲ့အတူစကားပြောစက်တွေ၊ရိက္ခာပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအကြမ်းဖက်သမားတွေနယ်စပ်ဖြ တ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြချိန်မှာအာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေအပြင်းအထန်ပြုလုပ်ပေးနေတာလို့ ဆိုပါတ ယ်။
အဲဒီမောင်တောမြို့နယ်၊ ကြိမ်ချောင်းရှိအာဏာသိမ်းစစ်တပ်ဗျူဟာဟောင်းကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ အာဏာသိမ်းစစ်တပ်ဆေးဗိုလ်တဦးနဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမား သုံးဦးသေဆုံးခဲ့ပါတယ်။
အဲဒီအကြမ်းဖက်သမားတွေဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်ကပါဝင်တိုက်ပေးခဲ့ကြပါတယ်။






