Border News Agency
ထိုင်း၊ဇူလိုင် ၃။
ထိုင်းနိုင်ငံ၊မုတ်ဒါဟန်ပြည်နယ်၊မုအန် ခရိုင်မှာ ဇူလိုင်လ ၂ ရက်နေ့ကကားတို က်မှုကြောင့်သံဃာတော်ဆယ်ပါးထိပျံတော်မူသွားပါပြီ။
အသက်ဆယ့်တနှစ်အရွယ်ကလေးငယ်တဦးမောင်းတဲ့ကားဟာ လမ်းပေါ်မှာ ဆွမ်းခံကြွနေတဲ့ သံဃာတော်သုံးဆယ်လေးပါးကို ဝင်တိုက်မိခဲ့တာပါ။
အဲဒါကြောင့်သံဃာတော်ကိုးပါးပျံလွန်တော်မူခဲ့ပြီးဒဏ်ရာပြင်သံဃာတော်တပါးထပ်ပျံလွန်တော်မူသွားတာမို့ဆယ်ပါးထိရှိလာပါတယ်။
အဲဒီဒဏ်ရာရသံဃာတော်တွေကို ဆေးရုံမှာ အရေးပေါ် ကုသပေးနေပြီး စိုးရိမ်ရသူတွေလည်းရှိပါတယ်။










