Border News Agency
လာအို၊ဇူလိုင် ၃။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တဲ့အဖွဲ့ဟာ ဇူလိုင် ၃ ရက်၊မနက်ပိုင်းမှာပဲ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
အဲဒီခရီးစဉ်မှာ မင်းအောင်လှိုင်ဟာ လာအိုသမ္မတ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိနေပါတယ်။
လာအိုမှာရှိတဲ့ အထင်ကရနေရာတွေကိုလည်း လှည့်လည်ကြည့်ရှုဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလတုန်းကလည်း တရုတ်နိုင်ငံမှာ သူတို့နှစ်ဦး တွေ့ဆုံခဲ့ဖူးပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။
အခုတခေါက် လာအိုခရီးစဉ်မှာတော့ ဘာတွေဆက်ပြီး ဆွေးနွေးမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

















