Border News Agency
လာအို၊ဇူလိုင် ၃။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇူလိုင် ၃ ရက်၊ဒီနေ့ မနက်က လာအိုနိုင်ငံသမ္မတ သောင်လောင်ဆီ ဆိုလစ်နဲ့ လာအိုသမ္မတအိမ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် MoU သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း၊ မြို့တော်အချင်းချင်း ချစ်ကြည်ရေးနဲ့ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီ အပြင် မြန်မာနိုင်ငံဘက်ကနေ လာအိုနိုင်ငံအတွက် မြွေဆိပ်ဖြေဆေးတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို မင်းအောင်လှိုင်နဲ့အတူ လိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီးတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။














