Border News Agency
မြဝတီ၊ဇူလိုင် ၁၂။
ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်လာတာမို့ မြဝတီမြို့ကမ်းနားတလျှောက်နဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့ရေကြီးရေလျှံနေပါတယ်။
အဲဒီစိုးရိမ်ရေမှတ်အောက်သုံးပေကျော်ရှိနေခဲ့ပေမယ့် နာရီပိုင်းအတွင်းမြစ်ရေတက်လာတာဖြစ်ပြီးနောက်ထပ်နှစ်ပေခန့်ဆက်တက်လာတယ်လို့ မိုးဇလက သတိပေးထားပါတယ်။
ကရင်မှာ မိုးကြီးနိုင်ပြီး မြစ်ရေထပ်တိုးလာနိုင်တာမို့ ကမ်းနားနဲ့အနိမ့်ပိုင်နေသူတွေ ဘေးလွတ်ရာကြိုတင်ရွှေ့ပြောင်းထားဖို့လိုအပ်နေတာပါ။
မြဝတီမြို့ကမ်းနားလမ်းတလျှောက်နဲ့ အနိမ့်ပိုင်းနေရာတချို့မှာ မြစ်ရေတက်လာပြီး အိမ်ထဲထိ ရေဝင်နေပါတယ်။






