Border News Agency
နေပြည်တော်၊ဇူလိုင် ၁၅။
ရုရှားနဲ့မြန်မာတပ်မတော်ကြားအထူးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ Tropical Storm အမည်ရ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို နေပြည်တော်မှာ ပြုလုပ်နေပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ တဆယ့်တရ က်ကြာပြုလုပ်နေတာပါ။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ မောင်းသူမဲ့လေယာဉ် (UAV) တန်ပြန်တိုက်ခိုက်ချေမှုန်းရေး၊ တောတွင်းစစ်ဆင်ရေးတွေနဲ့ ခေတ်သစ်စစ်ပွဲဗျူဟာတွေကို အဓိကလေ့ကျင့်နေကြတာပါ။
ရုရှားဟာ အာဏာသိမ်းစစ်တပ်နဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နေသလို လက်နက်ခဲယမ်းတွေ၊နည်းပညာတွေလည်း ကူညီပေးနေပါတယ်။












