Border News Ageny
ချုံကင်း၊ ဇူလိုင် ၁၇။
တရုတ်နိုင်ငံ၊ချုံကင်းမြို့၊ဝူကျန်းမြစ်ကမ်းမှာ ဇူလိုင်လ ၁၇ ရက်နေ့မနက်က မိုးကြီးမြေပြိုရာ လူနေအိမ်ဆယ်လုံးပျက်စီးခဲ့ပါတယ်။
အဲဒီအပျက်အစီးတွေအောက် ပိတ်မိနေသူတွေထဲကလူကိုးဦးကို အသက်ရှင်ကယ်နိုင်ခဲ့ပြီး စိုးရိမ်ရဒဏ်ရာမရှိပါဘူး။
အဲဒီပျောက်ဆုံးနေသူတွေကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ဆက်ရှာနေပြီး လျှပ်စစ်မီးတိုင်တွေလဲကာ မီးပြတ်တောက်နေပါတယ်။


















