Border News Agency
နေပြည်တော်၊ဇူလိုင် ၁၈။
နေပြည်တော်၊ဥတ္တရသီရိတပ်နယ်ရှိလေ့ကျင့်ရေးနယ်မြေမှာ အာဏာသိမ်းစစ်တပ်ကို ရုရှားက စစ်ရေးလေ့ကျင့်ပေးခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ၆ ရက်နေ့ကစတင်ခဲ့ပြီး ဒရုန်းနဲ့ကင်းထောက်တာ၊စနိုက်ပါပစ်ခတ်တာ၊ရဟ တ်ယာဉ်နဲ့ဆင်းသက်တာ၊တောတွင်း/တောင်ပေါ် စစ်ဆင်ရေးတွေကို နှစ်နိုင်ငံနည်းပြတွေက စာတွေ့လက်တွေ့ လေ့ ကျင့်သင်ကြားပေးခဲ့တာပါ။
အဲဒီမှာအာဏာသိမ်းစစ်တပ်ကာကွယ် ရေးပစ္စည်းစက်ရုံထုတ် စစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှားတပ်မတော်သုံး နည်းပညာမြင့် စစ်လက်နက်တွေကို ပေါင်းစပ်အသုံးပြုခဲ့ပါတယ်။
























