Border News Agency
အုမ်ဖန်၊ ဇူလိုင် ၁၈။
ထိုင်း-မြန်မာနယ်စပ်၊တာ့ခ်ခရိုင်၊အုမ်ဖန်မြို့နယ်အတွင်း ဇူလိုင်လ ၁၈ ရက်၊ဒီနေ့ မနက်အစောပိုင်းက ထိုင်းလုံခြုံရေးပူးပေါင်းတပ်ဖွဲ့တွေ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးချိန် မြန်မာနိုင်ငံဘက်ကို တရားမဝင် မှောင်ခိုပို့မယ့် ဘတ်သုံးသိန်းရှစ်သောင်းခန့်တန်ဖိုးရှိ ဒီဇယ်ဆီ လီတာတသောင်းကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီဒီဇယ်ဆီတွေကို သယ်ဆောင်လာတဲ့ သံသယဖြစ်ဖွယ် ကုန်တင်ကားငါးစီးကိုလည်း အင်္ဂါရပ်နဲ့အညီနယ်စပ်သဘာဝလမ်းကြောင်းမှာ အတူတကွ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေက ဘန်နူးဆေးပိုးရွာကနေ မြန်မာဘက်ခြမ်းကို ပို့ဆောင်ပေးဖို့ တခေါက်ကို ဘတ်ခြောက်ထောင်နဲ့ အငှားလိုက်ခဲ့တာလို့ ဝန်ခံထားကြပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ ကားနဲ့ ဒီဇယ်ဆီတွေကို အုမ်ဖန်ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်စုံစမ်းနေပါတယ်။


















