Border News Agency
အာဘေးလ်၊ ဇူလိုင် ၁၉။
အီရတ်နိုင်ငံ၊ကာဒစ်စတန်ဒေသ၊အာဘေးလ်မြို့တော်ရှိအမေရိကန်ကောင်စစ်ဝန်ရုံးသို့ ဦးတည်လာတဲ့အီရန်ရဲ့ဒရုန်းတစင်းကို အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဇူလိုင်လ၁၉ ရက်၊ဒီနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒရုန်းကို သံတမန်နယ်မြေဝင်းအတွင်းသို့ မရောက်ရှိမီ C-RAM စနစ်နဲ့ ကြားဖြတ်ဟန့်တားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနယ်မြေတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့တွေအခြေအနေကို စောင့်ကြည့် စစ်ဆေးနေပါတယ်။













