Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး ပညာရေး

ဂျင်ဇီးတို့ရဲ့… ၁

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ဇူလိုင် ၁၉။

​ဂျင်နရေးရှင်းဇီ(Generation Z)တွေဟာ လက်ရှိလုပ်ငန်းခွင်နယ်ပယ်တွေထဲမှာ အတတ်ပညာ၊အသိပညာအမြင့်ဆုံးမျိုးဆက်တွေလို့ ဆိုပါတယ်။

​အဲဒီအတတ်ပညာ၊အသိပညာအမြင့်ဆုံးဆိုတာက သူတို့ခေတ်မှာ အသိပညာဗဟုသုတတခုကို ရှာဖွေဖို့အတွက် အင်မတန်လက်လှမ်းမီလွယ်ကူတဲ့ ပတ် ဝန်းကျင်မျိုးရှိလာတာပါ။

​အရင်ခေတ်ကာလမျိုးဆက်တွေလို အတတ်ပညာ၊အသိပညာနယ်ပယ်အတွက် သိပ်အားစိုက်စရာမလိုဘဲ အခန့်သင့်ရှိနေတဲ့အနေအထားမှာ လူလားဖြစ်အရွယ်ရောက်လာတဲ့ အုပ်စုတွေလို့ Britannica မှာ ဖော်ပြထားပါတယ်။

​သူတို့တွေခေတ်မှာ လူတဦးနဲ့တဦး ဆက်သွယ်ဖို့အတွက် ပတ်စပို့တွေ၊နယ်နိမိတ်ဖြတ်ကျော်မှုတွေ မလိုတော့ပါဘူး။

​အင်တာနက်လူမှုကွန်ရက်တွေကိုသုံးပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့တစိမ်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်းထဲက တယောက်ယောက်နဲ့လည်း အချိန်မရွေး လွယ်လွယ်ကူကူ ပေါင်းသင်းဆက်ဆံလို့ရနေတဲ့ အုပ်စုတွေလည်းဖြစ်ပါတယ်။

​အဲဒီ ၁၉၉၇ ခုနှစ်ကာလနဲ့ ၂၀၁၀ ပြည့်လွန်ကာလကြားမှာ မွေးဖွားပြီး လူလားမြောက်လာကြတဲ့ ဒီအုပ်စုတွေဟာ တဖက်မှာတော့ အလုပ်တစ်ခုကို စိတ်ဝင်တစား ဖင်ငြိမ်အောင်မလုပ်နိုင်တဲ့သူတွေ၊ပြောလိုက်ရင်လည်း ထုံပေကပ်လုပ်တတ်တဲ့သူတွေ၊မထီတရီလုပ်တတ်သူတွေ၊ပျင်းရိတဲ့သူတွေ၊နိုင်ငံရေးအရ ညှိနှိုင်းမှုကို အားမသန်ဘဲ ကိုယ်ဖြစ်ရာကို ဆုပ်ကိုင်တတ်တဲ့သူတွေလို့လည်း ခဏခဏ ပုံရိပ်ဖော်ပြခံရတဲ့သူတွေပါ။

​ဒါပေမယ့် အဲဒီမျိုးဆက်တခုဟာ လူ့လောကရဲ့လူမှုစီးပွားရိုက်ခတ်မှုနဲ့နိုင်ငံရေးလောကဒဏ်တွေထဲ စတင်ချဉ်းနှင်းဝင်ရောက်လာခဲ့ကြပါပြီ။

​၂၀၂၀ ပြည့်လွန်ကာလမှ၂၀၂၅ ခုနှစ်ကြားမှာ ဂျင်ဇီမျိုးဆက်တွေရဲ့ ပုံရိပ်တွေဟာ လူ့လောကရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ နေရာစတင်ယူလာတာကို တွေ့ရပါတယ်။

အဲ​ဒီမျိုးဆက်ဟာ ရှေ့လာမယ့်နှစ်ကာလတွေမှာ ပိုပြီးနေရာဝင်ယူလာမှာလည်း ဖြစ်ပါတယ်။

​ဂျင်ဇီတွေ ပေါ်ထွက်လာတဲ့ ၂၀၂၀နဲ့ ၂၀ ၂၅ ကြားက နိုင်ငံရေးလှုပ်ရှားမှုတွေကိုကြည့်ရင် ကမ္ဘာတဝှမ်းမှာ တူညီတဲ့အချက်တွေရှိပါတယ်။

​အဲဒါတွေက ကိုဗစ်-၁၉ ကြောင့် သက်ရောက်ခဲ့တဲ့ လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှု၊ကိုဗစ်-၁၉ မတိုင်ခင် ဖြစ်ပေါ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ဘဏ္ဍာရေးဆုတ်ကပ်ရဲ့ အကျိုးဆက်၊အာဏာရှင်စနစ်၊လူမှုရေးနဲ့စီးပွားရေးမညီမျှမှု၊လူမှုဘဝအဆင့်အတန်း နောက်ပြန်ကျဆင်းမှု၊ Kleptocracy လို့ခေါ်တဲ့ ဆီးသီးဗန်းမှောက်အုပ်ချုပ်ရေး၊နိုင်ငံရေးခြစားမှု၊ ဆွေမျိုးကောင်းစားရေး၊လူတစုကောင်းစားရေး၊လူငယ်များအလုပ်လက်မဲ့ဖြစ်မှု၊စစ်ပွဲတွေနဲ့ဂျီနိုဆိုက်အရေးလိုကိစ္စရပ်တွေဖြစ်ပြီး ဂျင်ဇီလှုပ်ရှားမှုတွေဟာ အဲဒီအချက်တွေ တခုမဟုတ်တခုအ ပေါ်မကျေနပ်တဲ့ဇစ်မြစ်တွေရှိနေတယ်လို့ ဆိုပါတယ်။

​ဂျင်ဇီတွေရဲ့ကလေးဘဝနဲ့ဆယ်ကျော်သက်ဘဝတွေမှာ ၂၀၀၈ ခုနှစ်ဘဏ္ဍာရေးအကြပ်အတည်းနဲ့ သွားကြုံခဲ့ပါတယ်။

​၂၀၀၈ ခုနှစ် ဘဏ္ဍာရေးဆုတ်ကပ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ရိုက်ခတ်မှုကြီး မားခဲ့ပါတယ်။

​သမ္မတအိုဘားမားလက်ထက် AIG လို အမေရိကန်ဘဏ်တွေ ပြိုလဲရာကအစပြုခဲ့တဲ့ အဲဒီဘဏ္ဍာရေးအကြပ်အတည်းဟာ အမေရိကန်ဘဏ်တွေနဲ့ ချိတ်ဆက်မှုကြီးမားတဲ့ မြောက်အမေရိက၊ တောင်အမေရိကနဲ့ဥရောပနိုင်ငံတွေကို အထိနာခဲ့ပါတယ်။

အဲ​ဒီအချိန်မှာ အာရှတိုက်ရဲ့ ဝယ်လိုအားဟာ အရှိန်တခုအနေနဲ့ မှန်မှန်လေးရှိနေခဲ့တယ်လို့ ဆိုပါတယ်။

​သိသာထင်ရှားတဲ့ ပြည်တွင်းဝယ်လို အားကို ဖြည့်တင်းဖို့ ပြည်တွင်းထုတ် ကုန်ကို အရှိန်တင်နေရတဲ့ လူဦးရေကို ပိုင်ဆိုင်ထားတဲ့ အိန္ဒိယ၊တရုတ်၊အင်ဒိုနီးရှားတို့ဟာ ဘဏ္ဍာရေးဆုတ်ကပ်ရဲ့ဒဏ်ကို ခံရပေမဲ့ စီးပွားရေးက ဖြေးဖြေးလေး တက်နေခဲ့ပါတယ်။

​အဲဒီအာရှဈေးကွက်ရဲ့ဝယ်လိုအားဖြစ်စဉ်ထဲ စီးမျောနေတဲ့ ပစိဖိတ်သမုဒ္ဒရာပိုင်းက ကျွန်းနိုင်ငံငယ်လေးတွေမှာလည်း အနည်းငယ်ရိုက်ခတ်မှုတွေသာရှိခဲ့ပါတယ်။

​ဒါပေမယ့် ဘယ်လိုပဲပြောပြော ၂၀၀၈ ခုနှစ်၊ဘဏ္ဍာရေးအကျပ်အတည်းက စီးပွားရေးအပေါ် အစိုးရဝင်ရောက်စွက်ဖက်မှုရှိသင့်တယ်ဆိုတဲ့ အမြင်ကို ပိုပြီးအားကောင်းစေခဲ့ပါတယ်။

​အမှန်က ဒီအမြင်ဟာ နိုင်ငံရေးဘောဂ ဗေဒရဲ့ကိန်းစဉ်တွေက သဘောတရားသာဖြစ်ပေမယ့် အာဏာကို ဂုံးချောကပ်ပြီး အာဏာကို ငမ်းဖမ်းတဲ့ နိုင်ငံရေးသမားတွေရဲ့ ဝါဒဖြန့်ချိစရာ လက်နက်တခုလည်း ဖြစ်လာပါတယ်။

​တချို့သူတွေက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းမှာ ဈေးကွက်ကျယ်ပြန့်မှု၊ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်းဝယ်လိုအားစတဲ့ နယ်ပယ်တွေမှာ အပြန်အလှန်ချိတ်ဆက်နေကြလို့ တခုကအထိနာရင် ကျန်တခုကပါ လိုက်ပြီး အထိနာတတ်တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေ ချိတ်ဆက်နေမှုကို သုံးသပ်ဖို့ထက် ကိုယ့်ပြည်တွင်းဝယ်လိုအားကို ပြည်တွင်းကုန်ထုတ်လုပ်မှုနဲ့ ဖြည့်တင်းနေရတဲ့ အနေအထားမှာရှိနေတဲ့ အိန္ဒိယ၊တရုတ်၊အင်ဒိုနီးရှားတို့ရဲ့ စီးပွားရေးအထိမနာမှုကိုသာ ပိုပြီးမီးမောင်းထိုးပြကြပါတယ်။

​အဲဒီသူတွေက အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ တရုတ်၊ အီရန်တို့ဟာ အဆိုပါ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းကို သိပ်မခံရဘဲ စီးပွားရေး ပုံမှန်လည်ပတ်နေကြတယ်လို့ ဆိုပါတယ်။

​အီရန်နဲ့ ဥဇဘက်ကစ္စတန်တို့အပေါ် လူ့အခွင့်အရေးအခြေအနေတွေကြောင့် ဒ ဏ်ခတ်ပိတ်ဆို့ထားလို့ နိုင်ငံတကာဈေး ကွက်ထဲ ဝင်မရောက်နိုင်ဘဲ သဘာဝသ ယံဇာတ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထုတ်ရောင်းနေရတာကိုတော့ သူတို့တွေ နှုတ်ဆိတ်နေခဲ့ပါတယ်။

​အိန္ဒိယ၊တရုတ်၊အင်ဒိုနီးရှားတို့မှာ ပြည် တွင်းဝယ်လိုအားကို ပြည်တွင်းကုန်ထု တ်လုပ်မှုနဲ့ဖြည့်တင်းနေရတဲ့အနေအ ထားမျိုးမှာ အစိုးရက စီးပွားရေးမှာ ပိုလို့ဝင်ပါနေရတဲ့ အနေအထားမျိုးလ ည်း ဖြစ်ပါတယ်။

အဲ​ဒီအနေအထားဟာ လွတ်လပ်တဲ့ဈေး ကွက် စီးပွားရေးပုံစံဘက်ကို ရောက်ဖို့အတွက် သွားနေရဆဲအနေအထားမျိုးလည်း ဖြစ်ပါတယ်။

​နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ကြိုးစားနေရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။

​ဘယ်လိုပဲပြောပြောပါ အဲဒီအချိန်တုန်းက အိန္ဒိယ၊တရုတ်၊အင်ဒိုနီးရှားတို့မှာ အလုပ်သမားခဈေးချိုတာ၊လူနေမှုဘဝ မြင့်မားဖို့ထက် အလုပ်လုပ်ပြီး ပုံမှန်ဝင် ငွေရဖို့ကသာ အရေးကြီးနေရတာဆိုတဲ့ လူ့ဘဝရဲ့တန်ဖိုးတွေကိုတော့ ထည့်တွက်ကြတာမရှိပါဘူး။

အဲ​ဒီတော့ ဘယ်လိုပဲပြောပြော ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းက စီး ပွားရေးအပေါ် အစိုးရဝင်ရောက်စွက်ဖက်မှုရှိသင့်တယ်ဆိုတဲ့ အမြင်က အား ကောင်းလာပါတယ်။

​အစိုးရက စီးပွားရေးကို ဝင်ရောက်စွက် ဖက်ခွင့်ကို လိုအပ်ရင် လူထုအထိမနာအောင်အတွက် လမ်းဖွင့်တာက ပြဿနာမဟုတ်ပါဘူး။

​ပြဿနာက အခွင့်အရေး၊အဂတိ၊လာ ဘ်ပေးလာဘ်ယူ၊အာဏာကို ထိန်းချုပ်မှုနဲ့အတိုက်အခံတွေကို နှိပ်ကွပ်မှုဆိုတဲ့ဘက်ကို ရောက်အောင် အစိုးရတွေကို လမ်းခင်းပေးလိုက်သလိုလည်း ဖြစ်ခဲ့တာပါပဲ။

အဲ​ဒီလိုနဲ့ ၂၀၀၈ ခုနှစ်ဘဏ္ဍာရေးအ ကျပ်အတည်းနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်၊ယူကရိန်း၊ဟွန်ဒူးရပ်စ်၊ဂွာတီမာလာ၊ပါလက်စတိုင်းနဲ့ ဟောင်ကောင်တို့မှာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစနစ်ကနေ ဒီမိုကရေစီနဲ့ အာဏာရှင်ပုံစံကို ရောစပ်ထားတဲ့ အုပ်စိုးသူတွေ ဖြစ် လာပါတော့တယ်။

​မဒါဂတ်စကာ၊ဂမ်ဘီယာ၊ အီသီယိုပီးယား၊ရုရှားနဲ့ ဖီဂျီတို့မှာ အာဏာရှင်တပိုင်း ဒီမိုကရေစီတပိုင်းပုံစံမှအာဏာရှင်ပုံစံ အုပ်ချုပ်သူတွေ ဖြစ်လာစေပါတော့တယ်။

အဲ​ဒီနိုင်ငံတွေမှာ ဒီမိုကရေစီနောက်ပြန်ဆုတ်ရတဲ့ တခြားအကြောင်းတွေကိုယ် စီရှိနေကြပါတယ်။

​အဲဒီလိုအကြောင်းတရားတွေဟာ ဘ ဏ္ဍာရေးအကြပ်အတည်းကြောင့် စားဝတ်နေရေးကို ထိခိုက်လာတဲ့ အနေအထားမျိုးမှာ ခေါင်းထောင်ဖို့အခွင့်အရေးရသွားကြတာကို ရည်ညွှန်းလိုတာပါ။

​အဲလိုခေါင်းထောင်လာတဲ့အခါ လွတ် လပ်ခွင့်နဲ့ ဒီမိုကရေစီကို တောင်းဆိုမှုတွေက တခါထပ်ပြီး ပေါ်ပေါက်လာပြန်ပါတယ်။

အဲ​ဒီတော့ ၂၀၀၉ ခုနှစ်မှာ ဂရိငွေကြေးအကျပ်အတည်း ဖြစ်လာပါတယ်။ဂရိအစိုးရဟာ ၂၀၀၁ ခုနှစ်မှာ ယူရိုဇုန် (Eurozone)ထဲကို ဝင်ရောက်ပြီး ယူရိုငွေကြေးကို စသုံးခဲ့ပါတယ်။ ဂရိနိုင်ငံဟာ အတိုးနှုန်းအသက်သာဆုံးနဲ့ အ ကြွေးတွေကို လွယ်လွယ်ကူကူ ချေးလို့ရသွားပါတယ်။

​အစိုးရဟာ အဲဒီချေးငွေတွေကို ရေရှည်စီးပွားရေး တိုးတက်မယ့်ကဏ္ဍတွေမှာ မသုံးခဲ့ပါဘူး။

​အစိုးရဝန်ထမ်းလစာနဲ့ ပင်စင်လစာတွေကို အဆမတန်တိုးပေးတာ၊ပြည်သူ့သ က်သာချောင်ချိရေး(Welfare)တွေကို နိုင်ငံစီးပွားထက် ကျော်လွန်ပြီး ပေးတာ၊ ၂၀၀၄ ခုနှစ် အေသင်အိုလံပစ်ပွဲတော်အတွက် ငွေကြေးအမြောက်အ မြား အကုန်အကျခံသုံးစွဲခဲ့တာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဲ​ဒီကြားထဲ အဂတိ၊လာဘ်ပေးလာဘ်ယူတွေနဲ့စာရင်းလိမ်မှုတွေက ဂရိအစိုး ရမှာ ရှိနေခဲ့ပါတယ်။

​အဲဒီလိုလုပ်နေတုန်းမှာ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်တော့ ဂရိရဲ့အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ က မ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့သင်္ဘောလို င်းကုန်သွယ်မှုလုပ်ငန်းတွေ ချက်ချင်းထိုးကျသွားပြီး ဂရိဟာ ငွေကြေးအ ကျပ်အတည်းဆိုက်ပါတော့တယ်။

​ဂရိငွေကြေးအကျပ်အတည်းဖြစ်စဉ်က ပြည်သူ့သက်သာချောင်ချိရေး (Welfare)ဆိုပြီး အစိုးရရဲ့နေရာတကာမှာ ဝင်ရောက်လွမ်းမိုးမှုကို တခါပြန်ပြီး မေးခွန်းထုတ်ဖို့ ဖြစ်လာရပြန်ပါတယ်။

​အစိုးရက နေရာတကာတိုင်းမှာ ဝင်ရောက်စွက်ဖက်ပြီး အာဏာကိုချုပ်ကိုင်လာမှု၊အဂတိနဲ့ လာဘ်ပေးလာဘ်ယူတွေက တဖက်မှာ လူမှုစီးပွားဘဝကို ထိခိုက်စေတဲ့အတွက် ဝေဖန်သံတွေ ညံလာပြန်ပါတယ်။

အဲ​ဒီလိုနဲ့ အာဏာရှင်ဆန်လာတဲ့ အစိုးရတွေကို ဖြုတ်ချဖို့၊ဒီမိုကရေစီရရှိဖို့၊လူ မှုစီးပွားဘဝတိုးတက်ဖို့နဲ့လူ့အခွင့်အရေးအသံတွေက ထပ်ထွက်လာပြန်ပါတယ်။

​၂၀၁၀ ပြည့်နှစ်၊ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တူနီးရှားနိုင်ငံက မိုဟာမက်ဘိုအာဇီဇီ (Mohamed Bouazizi)ဆိုတဲ့ လမ်းဘေးဈေးသည်လေးတဦးကို တူနီးရှားရဲတပ်ဖွဲ့က မတရားဖိနှိပ်မှုကို မခံနိုင်လို့ မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြတဲ့ဖြစ်ရပ်တခု ပေါ်ပေါက်လာပါတယ်။

​အဲဒီဖြစ်ရပ်ကနေစပြီး ဆန္ဒပြပွဲတွေ အရှိန်အဟုန်ပြင်းလာကာ ၂၀၁၁ ခုနှစ် အစောပိုင်းမှာ တူနီးရှားကနေတဆင့် အီဂျစ်၊လစ်ဗျား၊ယီမင်၊ဆီရီးယားနဲ့ဘာရိန်းစတဲ့ အရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိကဒေသတွင်းနိုင်ငံတွေကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေး (Arab Spring) ပေါ်ပေါက်လာပါတော့တယ်။

​အဲဒီဖြစ်ရပ်တွေနဲ့ ဂျင်ဇီမျိုးဆက်တွေရဲ့ အသက်အပိုင်းအခြားကို ကြည့်ရင် ၂၀၀၈ ခုနှစ်ဘဏ္ဍာရေးအကြပ်အတ ည်းဟာ ၁၉၉၇ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်ကြားမှာ မွေးခဲ့တဲ့ ပထမဂျင်ဇီမျိုးဆက်တွေရဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ ဖြစ်ခဲ့တာပါ။

​၂၀၁၁ ခုနှစ် အာရပ်နွေဦးအချိန်ကာလမှာဆိုရင် ပထမဂျင်ဇီမျိုးဆက်အချို့ဟာ အသက် ၁၄ နှစ်၊၁၅ နှစ်ခန့်ရှိနေပါပြီ။

​၂၀၂၀ ပြည့်နှစ်တွေမှာ အဲဒီပထမဂျင်ဇီမျိုးဆက်တွေဟာ ၂၀ ကနေ ၂၃ နှစ်ဝ န်းကျင်ရှိနေပြီဖြစ်လို့ တက္ကသိုလ်ပြီးခါစအချိန်၊လုပ်ငန်းခွင်ထဲကို စတင်ခြေချနေကြတဲ့ လူငယ်တွေဖြစ်လာကြပါပြီ။

​သူတို့ရဲ့နောက်မှာ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်ကြားမှာ မွေးဖွားခဲ့တဲ့ ဒုတိယဂျင်ဇီတွေရှိပြီး အဲဒီဒုတိယမြောက် ဂျင်ဇီတွေရဲ့နောက်မှာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ မွေးတဲ့ တတိယမြောက်ဂျင်ဇီတွေက ရှိနေပါတယ်။

​ဂျင်ဇီပထမမျိုးဆက်ရဲ့ ဆယ်ကျော်သ က်ဘဝတွေမှာ အာဏာရှင်ဆန်လာတဲ့ အစိုးရတွေကို ဖြုတ်ချဖို့၊ဒီမိုကရေစီရရှိဖို့၊လူမှုစီးပွားဘဝ တိုးတက်ဖို့နဲ့လူ့အ ခွ င့်အရေးတောင်းဆို ဆန္ဒပြမှုတွေကို မျက်မြင်ကြုံဖူးရင်းနဲ့ အရွယ်ရောက်လာတဲ့သူတွေပါ။

​အဲဒီလိုဖြတ်သန်းလာတဲ့မျိုးဆက်တစ်ခုဟာ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၅ ခုနှစ်တွေကြားမှာ ကမ္ဘာတဝှမ်းက နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ အင်အားစုတခုအနေနဲ့ ရှိလာခဲ့ပါတယ်။

အဲ​ဒီမျိုးဆက်ဟာ အာဏာရှင်စနစ်၊လူ မှုရေးနဲ့စီးပွားရေးမညီမျှမှု၊လူမှုဘဝအ ဆင့်အတန်း နောက်ပြန်ကျဆင်းမှု၊ Kleptocracy လို့ခေါ်တဲ့ ဆီးသီးဗန်းမှော က်အုပ်ချုပ်ရေး၊နိုင်ငံရေးခြစားမှု၊ဆွေ မျိုးကောင်းစားရေး၊လူတစုကောင်း စားရေး၊လူငယ်တွေအလုပ်လက်မဲ့ဖြစ်မှု၊စစ်ပွဲတွေနဲ့ ဂျီနိုဆိုက်လို ကိစ္စရပ်တွေအပေါ်မှာ မကျေနပ်ချက်တွေနဲ့ လမ်းမပေါ်ထွက်လာကြတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

​ဂျင်ဇီတွေ ရင်ဆိုင်လာရမယ့် စိန်ခေါ်ချ က်တွေကို ကြည့်ရင် နိုင်ငံရေး၊စီးပွား ရေးစနစ်တွေနဲ့ ဆက်နွယ်နေပါတယ်။

​စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ OECD နိုင်ငံတွေမှာ ၂၀၀၀ ခုနှစ်ခန့်ကစပြီး အိုးအိမ်ခြံမြေဈေးတွေဟာ တက်ရိပ်ပြနေခဲ့ပါတယ်။

​အိုးအိမ်ခြံမြေတွေကို ဘဏ္ဍာရေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံဖို့အတွက်ပဲ ဝယ် ယူထားမှုက လုပ်ငန်းခွင်ထဲကို စဝင်လာတဲ့ ဂျင်ဇီတွေရဲ့ အိုးအိမ်လိုအပ်ချက်ကို ပိတ်ဆို့ထားသလို ဖြစ်နေပါတယ်။

​ပညာရေးနဲ့ပတ်သက်လို့ ဂျင်ဇီတွေက တည်ငြိမ်တဲ့အာမခံကြေးစနစ်ကို လို လားပါတယ်။

​ပညာရေးနဲ့ပတ်သက်လို့ ငွေကုန်ကြေး ကျများတာ၊ပညာသင်ပြီးနောက်ပိုင်း အလုပ်လက်မဲ့ဒဏ်ကို ရင်ဆိုင်ရတာတွေဟာ ဂျင်ဇီတွေအတွက် ခါးသီးစရာတွေပါ။

​အစိုးရရဲ့ သက်ကြီးရွယ်အိုထောက်ပံ့ရေး၊လူမှုဖူလုံရေးဆိုင်ရာ မူဝါဒတွေဟာ အလုပ်လုပ်နိုင်တဲ့ ဂျင်ဇီတွေရဲ့ ဝင်ငွေကိုယူပြီး သက်ကြီးတွေကို (from young to old)ပေးရတဲ့စနစ်ဖြစ်ပါတ ယ်။

​အဲဒီဝန်ထုတ်ဝန်ပိုးတွေဟာလည်း ဂျင်ဇီတွေရဲ့ပုခုံးပေါ် ရောက်လာပါတယ်။

​အဲဒီအနေအထားတွေက ဂျင်ဇီတွေအတွက် အနာဂတ်လူမှုဘဝအပေါ် စိုးရိမ်မှုနဲ့ ဖိအားတွေ ဖြစ်စေပါတယ်။​ နိုင်ငံရေးစနစ်ရဲ့ Meritocracy ကို လိမ်ညာမှုပါပဲ။

​အခွင့်အရေးနဲ့အခွင့်အလမ်းဟာ ကိုယ့်အရည်အချင်းရှိရင်ရှိသလို နေရာရတယ်ဆိုတဲ့ သဘောထက် လက်သင့်ရာစားတော်ခေါ်ဝါဒနဲ့ အာဏာရှိသူတွေရဲ့ အကျိုးစီးပွား မူလအခြေအနေမပျက်ရေး အယူအဆအောက်မှာ ဂျင်ဇီတွေရဲ့အခွင့်အရေးတွေဟာ ပိတ်ဆို့ခံထားရပါတယ်။

​အဲဒီအခြေအနေတွေကို တွန်းလှန်နိုင်ဖို့ ကြိုးစားလာတဲ့အခါ ကမ္ဘာတဝှမ်းမှာ ဂျင်ဇီတွေဟာ လမ်းမပေါ်ကို ထွက်လာကြပါတော့တယ်။

​ဆက်ရန်…

ကိုးကား…

  • https://en.wikipedia.org/wiki/Gen_Z_protests?hl=en-GB
  • https://www.britannica.com/event/Generation-Z-protests?hl=en-GB
PrevPreviousကလေးမှာ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ချီတက်အလေးပြု
Nextအာဘေးလ်ရှိအမေရိကန်ကောင်စစ်ဝန်ရုံးအနီးအီရန်ဒရုန်းကို C-RAM စနစ်နဲပစ်ချNext
Previous Post

ကလေးမှာ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ချီတက်အလေးပြု

Next Post

အာဘေးလ်ရှိအမေရိကန်ကောင်စစ်ဝန်ရုံးအနီးအီရန်ဒရုန်းကို C-RAM စနစ်နဲပစ်ချ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - One Nation News

မြောက်ဦးမှာ သက္ကမကျောင်းသားတွေကို အာရက္ခအစိုးရ စာရေးကိရိယာတွေထောက်ပံ့

September 23, 2026

ဂျူးမားဇီပိုင်းယား(သို့မဟုတ်)အမေဇုန်တောကို ကာကွယ်သူ

September 18, 2026

အာရက္ခအမျိုးသားပညာရေးဌာနက တက္ကသိုလ်ဘွဲ့သင်တန်းသားတွေခေါ်ယူ

September 17, 2026

ဒက်စတိုပီးယန်းဘဝတွေ-နိဂုံး

September 16, 2026

မီဇိုရမ်မှာမူးယစ်ဆေးတွေနဲ့ အမျိုးသားတဦးဖမ်းခံရ

မရာနယ်မြေ စစ်မှုထမ်းအက်ဥပဒေကြမ်းအပါအဝင် အဆို ဆယ့်ခုနှစ်ခုကို ဆွေးနွေးအတည်ပြု

စမ်းချောင်းမှာကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ဓားထိုးသူတွေဖမ်းမိ

Sattahip ကမ်းလွန်မှာ မြန်မာတွေပါတဲ့ငါးဖမ်းလှေနစ်မြုပ်လို့ သုံးဦးသေဆုံး

ချင်းမိုင်အမျိုးသားဥယျာဥ်မှာ ရှားပါးရေညှိပင်နင်းမိတဲ့ မြန်မာနှစ်ဦးဒဏ်ရိုက်ခံရ (ဓာတ်ပုံသတင်း)

ကလေးမှာမီးလောင်လို့ အမျိုးသမီးသုံးဦးသေဆုံး (ဓာတ်ပုံသတင်း)

Releated Post

မီဇိုရမ်မှာမူးယစ်ဆေးတွေနဲ့ အမျိုးသားတဦးဖမ်းခံရ

September 22, 2026

မရာနယ်မြေ စစ်မှုထမ်းအက်ဥပဒေကြမ်းအပါအဝင် အဆို ဆယ့်ခုနှစ်ခုကို ဆွေးနွေးအတည်ပြု

September 22, 2026

စမ်းချောင်းမှာကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ဓားထိုးသူတွေဖမ်းမိ

September 22, 2026

Sattahip ကမ်းလွန်မှာ မြန်မာတွေပါတဲ့ငါးဖမ်းလှေနစ်မြုပ်လို့ သုံးဦးသေဆုံး

September 22, 2026
​ကိုးကား/ဓာတ်ပုံ- Thai PBS World

ချင်းမိုင်အမျိုးသားဥယျာဥ်မှာ ရှားပါးရေညှိပင်နင်းမိတဲ့ မြန်မာနှစ်ဦးဒဏ်ရိုက်ခံရ (ဓာတ်ပုံသတင်း)

September 22, 2026
​ဓာတ်ပုံ - MFSD

ကလေးမှာမီးလောင်လို့ အမျိုးသမီးသုံးဦးသေဆုံး (ဓာတ်ပုံသတင်း)

September 22, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page