Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဟာ အာဏာပြစရာနယ်ပါယ်မဟုတ်ပါ

Author picture

By

Swe Zin Htike
Reading Time: 3 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency

မြောက်ဦး၊ နိုဝင်ဘာ ၁၅။

​ယဉ်ကျေးမှုနဲ့သဘာဝအမွေအနှစ်တွေကို ထိန်းသိမ်းရေးဟာ ယူနက်စကိုရဲ့ လုပ်ငန်းနယ်ပါယ်ထဲမှာရှိပါတယ်။

အဲဒီလိုထိန်းသိမ်းတဲ့အခါမှာ လူတွေရဲ့ အိုးအိမ်တွေဖျက်တာ၊အတင်းအဓမ္မဖယ်ရှားတာ၊ အတင်းအဓမ္မနေရာရွေ့ပြောင်းတာ၊ အရင်ကတည်းက နေထိုင်လုပ်ကိုင်စားသောက်နေရတဲ့သူတွေကို အမွေအနှစ်ဖျက်ဆီးနေသူတွေလို့ တံဆိပ်ကပ်ပြီး လူဂုဏ်သိက္ခာမဲ့အောင်လုပ်တာမျိုးဟာ ယူနက်စကိုရဲ့မူဝါဒတွေနဲ့ဆန့်ကျင်ပါတယ်။

​ယူနက်စကိုရဲ့ Website စာမျက်နှာ www.unesco.org ကိုသွားကြည့်ရင် အဲဒီစာမျက်နှာရဲ့ အောက်ဆုံးနားမှာ Terms and Policy ဆိုတဲ့ မူဝါဒပိုင်းဆို င်ရာအချက်တွေကို တွေ့ရပါလိမ့်မယ်။

အဲဒီ Terms and Policy ကို ထပ်ဝင်လိုက်ရင်…

-သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့လူမှု ရေးဆိုင်ရာမူဝါဒတွေ(Environmental and Social Policies)

-လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာမူဝါဒ(Protection of human rights (Procedure 104)

-ယူနက်စကို လုပ်ငန်းစဉ်တွေမှာ ထိခိုက်နာကျင်အောင် ပြုလုပ်မှုတွေကို တားဆီးခြင်းဆိုတဲ့ ကဏ္ဍအလိုက် ယူနက်စကိုရဲ့ မူဝါဒတွေကိုတွေ့ရမှာပါ။

​အဲဒီမူဝါဒတွေကို ဖတ်ကြည့်ရင် ယူနက်စကိုရဲ့ လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ မူဝါဒ Protection of human rights (Procedure 104) ရဲ့ အပိုဒ် ၁၀ မှာ ယူနက်စကိုရဲ့ နယ်ပါယ်အတွင်း လူတဦးတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်မှုတွေ၊အဲဒီလိုချိုးဖောက်မှုဟာ နိုင်ငံတနိုင်ငံအနေနဲ့ (De jure by a State)ဖြစ်စေ၊ (De facto by a State) ​

အရဖြစ်စေ ချိုးဖောက်မှုတွေအပေါ်မှာ ယူနက်စကိုက အဲဒီကိစ္စကိုကြားနာနိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီ Procedure 104 ရဲ့ အပိုဒ် ၁၈ ထဲမှာ ကျူးကျော်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊နိုင်ငံတခုရဲ့နယ် မြေကိုသိမ်းပိုက်တာ၊ ကိုလိုနီစနစ်ကျင့်သုံးလို့ဖြစ်လာတဲ့အခွင့်အရေးချိုးဖောက်မှုတွေ၊လူမျိုးတုံးသတ်ဖြတ်တွေ၊ လူ မျိုးရေးခွဲခြားမှုတွေ၊ လူမျိုးရေးအရဖိနှိပ်တာ၊လူမျိုးစုအရဖိနှိပ်တာ၊လူမှုရေးဆိုင်ရာဖိနှိပ်တာစတဲ့ အချက်တွေကြောင့် လူ့အခွင့်အရေးနဲ့လူတွေရဲ့အခြေခံလွတ်လပ်ခွင့်ကို ချိုးဖောက်ခံနေရရင်၊အဲဒီလိုချိုးဖောက်မှုဟာလည်း ယူနက်စကိုရဲ့လုပ်ငန်းနယ်ပါယ်ကိုလာပြီးဆက်စပ်နေတယ်လို့ ယူနက်စကိုဘုတ်အဖွဲ့နဲ့ ယူနက်စကိုညီလာခံက ယူဆရင် အဲဒီအချက်အပေါ်မှာ ယူနက်စကိုအနေနဲ့ကြားနာနိုင်ပါတယ်။

​ယူနက်စကိုမှာ စာရင်းဝင်ဖို့အတွက် မြို့ ပြစီမံကိန်းကိုအကောင်အထည်ဖော်တယ်။မြို့ပြစီမံကိန်းအတွက် အိုးအိမ်တွေကို ဖျက်တယ်။မြေသိမ်းတယ်။မြေသိမ်းတာကို လက်မခံလို့ တခြားခေါင်းစဉ်တခုတပ်ပြီး ဖမ်းဆီးချုပ်နှောင်ညှင်းပန်းတယ်။လူတယောက်ရဲ့လွတ်လပ်စွာထုတ်ဖော်မှုနဲ့ ဥပဒေပါ အခွင့်အရေးတောင်းဆိုမှုကို ချိုးဖောက်တယ်။

အဲဒီလိုချိုးဖောက်မှုတွေဟာ ယူနက်စကိုမှာ စာရင်းဝင်ဖို့ဆိုတဲ့အရာကို အခြေခံလာတာဖြစ်လို့ အဲဒီဖြစ်ရပ်တွေဟာ ယူနက်စကိုနဲ့ပါ သက်ဆိုင်လာပါတယ်။

​ယူနက်စကိုရဲ့သဘာဝပတ်ဝန်းကျင်ဆို င်ရာနဲ့လူမှုရေးဆိုင်ရာမူဝါဒတွေ (Environmental and Social Policies) တွေထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့လူမှု ရေးဆိုင်ရာမူဘောင်( Environmental and Social Sustainability Framework- ESSF)ဆိုတာရှိပါတယ်။

ယူနက်စကိုရဲ့ လုပ်ငန်းစဉ်တိုင်းမှာ (ESSF) မူဘောင်ကို အခြေခံရပါတယ်။

အဲဒီမူဘောင်အပိုဒ် ၁၁ မှာ ယူနက်စကိုရဲ့လုပ်ငန်းစဉ်တိုင်းမှာ လူ့အခွင့်အရေးနဲ့လူတွေရဲ့အခြေခံလွတ်လပ်ခွင့်ကို လေးစားတယ်လို့ ဆိုထားပါတယ်။

အဲဒီမူဘောင်အပိုဒ် ၂၄ မှာ ယူနက်စကို နဲ့ပတ်သက်တဲ့ လုပ်ငန်းနယ်ပါယ်ထဲက အရင်းအမြစ်တွေ၊အကျိုးအမြတ်တွေကို လူတိုင်းလက်လှမ်းမှီခံစားခွင့်ရှိစေရပါမယ်။

လူတိုင်းဆိုတာမှာ လူမျိုးဘာသာမရွေး၊ ယောကျ်ားမိန်းမမရွေး၊အသက်အရွယ်မရွေး၊ရာထူးအာဏာမရွေး၊ဆင်းရဲချမ်း သာမရွေး၊သန်စွမ်းသူ မသန်စွမ်းသူမရွေး အားလုံးကိုဆိုလိုပါတယ်။

ယူနက်စကိုအနေနဲ့ဘယ်သူကိုမှ ရစေဆိုပြီး မျက်နှာလိုက်မှာမဟုတ်ပါဘူး။ အထူးသဖြင့် အကျပ်အတည်းတွေ၊ ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ ထိခိုက်လွယ်တဲ့သူတွေကို ယူနက်စကိုက ပိုလို့ကာကွယ်ပေးပါတယ်။

ယူနက်စကို ရဲ့ လုပ်ငန်းနယ်ပါယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေထဲက အကျိုးအမြတ်နဲ့အရင်းအမြစ်ကို လူတိုင်းလက် လှမ်းမှီခွင့် ရှိစေရမယ်လို့ အတိအကျဆိုထားပါတယ်။

​ပြီးရင် ESSF ရဲ့ အပိုဒ် ၃၉ မှာ ယူနက်စကိုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနယ်ပါယ်တိုင်းမှာ ယူနက်စကိုဟာ ပွင့်လင်းမြင်သာမှုရှိပါတယ်။

ယူနက်စကိုနဲ့သက်ဆိုင်တဲ့ လုပ်ငန်းနယ်ပါယ်တွေမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာတွေ၊လူမှုစီးပွားဘဝကို ထိခိုက်နိုင်တာတွေနဲ့ ပတ်သက်လို့ ယူနက်စကိုဟာ သတင်းမထိမ်ချန်ပါဘူး။မြှုပ်ကွက်တွေ မထားဘူးလို့ ဆိုထားပါတယ်။

​မြောက်ဦးကို ယူနက်စကိုစာရင်းဝင်ဖို့ ဆိုရင် ယူနက်စကိုရဲ့ စံနှုန်းတွေကို လိုက်နာပြဖို့လိုပါတယ်။

ယူနက်စကိုမှာ စာရင်းဝင်ဖို့အတွက်လုပ်တယ်ဆိုရင် အနည်းဆုံး ယူနက်စကို Website ကို သွားကြည့်သင့်ပါတယ်။

အဲဒီ website စာမျက်နှာမှာ ဘယ်လို မူဝါဒတွေရှိသလဲ ဆိုတာကိုတော့လေ့လာ သင့်ပါတယ်။အနည်းဆုံး မူဝါဒပိုင်းနဲ့လူ့ဂုဏ်သိက္ခာကို မုသားမသုံးတဲ့ပညာရှင်ကျင့်ဝတ်ရှိသင့်ပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ကြိုးစားပြင်ဆင်နေတာတွေက ကော င်းမွန်ပြီးလက်ခံကြိုဆိုရမယ့်လုပ်ဆော င်ချက်တွေသာဖြစ်ပါတယ်။

ဒါပေမယ့် ယူနက်စကိုဝင်ရေပြင်ဆင်မှုအကြောင်းပြပြီး ဒေသခံပြည်သူတွေပိုင်တဲ့မြေယာတွေကို အတင်းအဓမ္မသိမ်းယူနေတာတွေ၊ အတင်းအဓမ္မနေအိမ်ဖြိုဖျက်ခိုင်းနေတာတွေ၊အတင်းအဓမ္မ

ဖမ်းဆီးနေတာတွေကို ယူနက်စကိုသတ်မှတ်ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေကြတာသာဖြစ်ပါတယ်။

ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းတဲ့အခါ လူထုကို အာဏာပြချင်ဇော၊ဖိနှိပ်ချင်ဇောနဲ့ အိုးအိမ်တွေဖြိုဖျက်တာ၊ မြေသိမ်းတာ၊သဘောမတူရင် ခေါင်းတမျိုးရှာပြီး ဖမ်းဆီးအကြပ်ကိုင်တာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ သတင်းအချက်ဆိုင်ရာတွေကို ခြိမ်းခြောက်တာတွေဟာ “ယဉ်ကျေးမှုအမွေအနှစ်ကို ထိ န်းသိမ်းနေတာ”မဟုတ်ဘဲ အာဏာပြဖို့အတွက် ယူနက်စကို နဲ့ ယဉ်ကျေးမှုအ မွေအနှစ်ကို တလွှဲအသုံးချနေတာသာ ဖြစ်ပါတယ်။

​ယူနက်စကိုမှာ လက်သုံးဆောင်ပုဒ်ရှိပါတယ်။

အဲဒါက UNESCO applies a zero tolerance policy against all forms of harassment ဆိုတာပါ။

ယူနက်စကိုဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တဲ့ ကိစ္စရပ်တွေကို လက်မခံပါဘူး။

အဲဒီလိုချိုးဖောက်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ULA/AA က ဆက်လုပ်နေရင်တော့ မြောက်ဦးဟာ ယူနက်စကိုဝင်ဖို့ ပိုခက်ခဲသွားနိုင်သလို နိုင်ငံတကာဥပဒေတွေအရလည်း

အရေးယူခံရလာနိုင်ပါတယ်။

​ကိုးကား…

​ယူနက်စကိုရဲ့ (Environmental and Social Sustainability Framework- ESSF) မူဘောင်

https://unesdoc.unesco.org/ark:/48223/pf0000397970

​

ယူနက်စကိုရဲ့ Protection of human rights (Procedure 104) မူဝါဒ

https://www.unesco.org/en/node/66662?hub=66535

​ယဉ်ကျေးမှုအမွေအနှစ်နဲ့လူ့အခွင့်အရေး

https://www.ohchr.org/…/cultural-rights-approach…
PrevPreviousကစယ်ဒိုမှာ စစ်တပ်မှလက်နက်ကြီးပစ်ခတ်လို့ နေအိမ်ငါးလုံးပျက်စီး
Nextလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဗျာလစစ်ဘေးရှောင်စခန်းNext
Previous Post

ကစယ်ဒိုမှာ စစ်တပ်မှလက်နက်ကြီးပစ်ခတ်လို့ နေအိမ်ငါးလုံးပျက်စီး

Next Post

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဗျာလစစ်ဘေးရှောင်စခန်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခတပ်တော်

အာရက္ခတပ်တော်ထိန်းချုပ်မြို့ငါးခုကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ့်ငါးဦးသေဆုံး

November 18, 2026
​ဓာတ်ပုံ - AA Info Desk

သံတွဲမြို့ GTI ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း

November 18, 2026
​ဓာတ်ပုံ - AA Info Desk

စနဲမြို့ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမြင်ကွင်း

November 18, 2026

​လက်နက်ကိုင်တပ်ဖွဲ့အတွင်း တပ်ဖွဲ့ဝင်အမျိုးသမီးတွေအပေါ် အနိုင်ကျင့်မှုတွေ – ၁

November 18, 2026

စနဲမြို့ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမြင်ကွင်း

​လက်နက်ကိုင်တပ်ဖွဲ့အတွင်း တပ်ဖွဲ့ဝင်အမျိုးသမီးတွေအပေါ် အနိုင်ကျင့်မှုတွေ – ၁

ကျောက်တော် စိုက်ပျိုးရေးသိပ္ပံကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း(ဓာတ်ပုံသတင်း)

ကွာလာလမ်ပူမှာ မြန်မာခြောက်ဦးအပါအဝင် နှစ်ဆယ့်ငါးဦးဖမ်းခံရ

သံတွဲမြို့မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့  နှစ်ဦးသေဆုံး

တောင်ကုတ်မြို့နယ်က ဒေသခံတွေကို အာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

Releated Post

​ဓာတ်ပုံ - AA Info Desk

စနဲမြို့ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမြင်ကွင်း

November 18, 2026

​လက်နက်ကိုင်တပ်ဖွဲ့အတွင်း တပ်ဖွဲ့ဝင်အမျိုးသမီးတွေအပေါ် အနိုင်ကျင့်မှုတွေ – ၁

November 18, 2026
AA Info Desk

ကျောက်တော် စိုက်ပျိုးရေးသိပ္ပံကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း(ဓာတ်ပုံသတင်း)

November 18, 2026
ဓာတ်ပုံ - မလေးရှားလဝက

ကွာလာလမ်ပူမှာ မြန်မာခြောက်ဦးအပါအဝင် နှစ်ဆယ့်ငါးဦးဖမ်းခံရ

November 17, 2026

သံတွဲမြို့မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့  နှစ်ဦးသေဆုံး

November 17, 2026
​ဓာတ်ပုံ - APM

တောင်ကုတ်မြို့နယ်က ဒေသခံတွေကို အာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

November 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page